11. ယုဒနယ်မြေတောင်ကုန်းဒေသရှိယခုအခါ ဟေဗြုန်မြို့ဟုနာမည်တွင်သောအာဘမြို့(အာဘ သည်အာနက၏အဖဖြစ်၏) နှင့်တကွပတ်ဝန်း ကျင်ရှိစားကျက်များကိုသူတို့အားပေးကြ၏။-
12. သို့ရာတွင်မြို့ပတ်ဝန်းကျင်ရှိလယ်ကွင်းများ နှင့် ကျေးရွာများကိုယေဖုန္နာ၏သားကာလက် အားအပိုင်ပေးခဲ့ပြီးဖြစ်သည်။-
13. အာရုန်၏သားမြေးတို့အားသတ်မှတ်ပေး သောမြို့များမှာဟေဗြုန်မြို့(ခိုလှုံရာမြို့တစ်မြို့) အပြင်လိဗနမြို့၊-
14-15. ယတ္တိရမြို့၊ ဧရှတေမောမြို့၊- ဟောလုန်မြို့၊ ဒေဗိရမြို့၊-
16. အဣနမြို့၊ ယုတ္တမြို့၊ ဗက်ရှေမက်မြို့များနှင့်တကွ ယင်းတို့၏ပတ်ဝန်းကျင်ရှိစားကျက်များဖြစ်၏။ ဖော်ပြပါကိုးမြို့တို့ကိုယုဒပြည်နယ်နှင့် ရှိမောင်ပြည်နယ်တို့မှသတ်မှတ်ပေးခြင်းဖြစ်၏။
17. ဗင်္ယာမိန်၏နယ်မြေမှသူတို့အားဂိဗောင်မြို့၊ ဂေဗမြို့၊-
18. အာနသုတ်မြို့၊ အာလမုန်မြို့စသည့်မြို့လေး မြို့နှင့်တကွ ယင်းတို့၏ပတ်ဝန်းကျင်ရှိစား ကျက်များကိုသတ်မှတ်ပေးလေသည်။