6. သူသည်လူအပေါင်းတို့ရှေ့တွင်တရားစီရင် ခြင်းကိုခံပြီးသည်အထိထိုမြို့တွင်နေရ မည်။ အချင်းဖြစ်ပွားစဉ်အချိန်ကယဇ်ပုရော ဟိတ်မင်းဖြစ်သူအနိစ္စရောက်ပြီးနောက်မှသူ သည်ထွက်ပြေးခဲ့သောမိမိနေရင်းမြို့သို့ပြန် နိုင်သည်'' ဟုမိန့်တော်မူ၏။
7. ထို့ကြောင့်သူတို့သည်ယော်ဒန်မြစ်အနောက် ဘက်တွင်နဿလိတောင်ကုန်းဒေသ၊ ဂါလိလဲ နယ်ရှိကေဒေရှမြို့၊ ဧဖရိမ်တောင်ကုန်းဒေသ ရှိရှေခင်မြို့၊ ယုဒတောင်ကုန်းဒေသရှိဟေဗြုန် မြို့တို့ကိုခိုလှုံရာမြို့များအဖြစ်ရွေးချယ် သတ်မှတ်ကြသည်။-
8. ယော်ဒန်မြစ်အရှေ့ဘက်၊ ယေရိခေါမြို့အရှေ့ ရုဗင်နယ်မြေကုန်းပြင်မြင့်တောကန္တာရရှိ ဗေဇာမြို့၊ ဂဒ်နယ်မြေဂိလဒ်နယ်ရှိရာမုတ် မြို့၊ မနာရှေနယ်မြေ၊ ဗာရှန်နယ်ရှိဂေါလန် မြို့တို့ကိုခိုလှုံရာမြို့များအဖြစ်ရွေး ချယ်သတ်မှတ်ကြသည်။-
9. ဣသရေလအမျိုးသားဖြစ်စေ၊ သူနှင့်အတူ နေထိုင်သောလူမျိုးခြားဖြစ်စေ၊ မတော်တဆ လူတစ်ဦးတစ်ယောက်ကိုသတ်မိသူသည်လက် စားချေမည့်သူ၏လက်မှလွတ်မြောက်ရန်နှင့် သူ့ အားလူပရိသတ်ရှေ့တွင်တရားမစီရင်ရ သေးမီသေစားမသေစေရန် ဤမြို့များကို ခိုလှုံရာမြို့များအဖြစ်ရွေးချယ်ကြ သတည်း။