19. သင့်အိမ်ထဲမှတစ်စုံတစ်ယောက်သည်လမ်း ပေါ်သို့ထွက်သဖြင့် အသတ်ခံရလျှင်ငါတို့ ၏တာဝန်မဟုတ်။ သင့်အိမ်ထဲတွင်ရှိသောသူ တစ်စုံတစ်ယောက်ထိခိုက်လျှင်ငါတို့တာဝန် ယူမည်။-
20. သို့ရာတွင်သင်သည်ငါတို့လာရောက်သည့် ကိစ္စကို တစ်စုံတစ်ယောက်အားပေါက်ကြားစေ လျှင်မူကားငါတို့ပေးသောကတိတည်ရန် မလို'' ဟုရာခပ်အားပြောကြားလေသည်။-
21. ရာခပ်သည်သူတို့ပြောသည့်အတိုင်းလိုက်နာ ပါမည်ဟုဝန်ခံသဖြင့် သူတို့သည်ထွက်ခွာ သွားကြသည်။ သူတို့ထွက်သွားကြပြီးနောက် ရာခပ်သည်ပြူတင်းပေါက်တွင်ကြိုးနီကိုချည် ထားလေသည်။
22. သူလျှိုတို့သည်တောင်ကုန်းများပေါ်သို့တက် ၍ပုန်းအောင်းနေကြ၏။ မင်းကြီးစေလွှတ်သော သူများသည် သူလျှိုတို့ကိုသုံးရက်တိုင်အောင် နေရာအနှံ့လိုက်လံရှာဖွေ၍မတွေ့လျှင် ယေရိခေါမြို့သို့ပြန်လာကြလေသည်။-
23. ထိုနောက်သူလျှိုနှစ်ဦးတို့သည်တောင်ကုန်း များပေါ်မှဆင်းပြီးလျှင်မြစ်ကိုဖြတ်ကူး၍ ယောရှုထံသို့ပြန်လာကြ၏။ သူတို့သည် ဖြစ်ပျက်ခဲ့သမျှကိုယောရှုအားပြန် ကြားပြီးလျှင်၊-
24. ထာဝရဘုရားသည်အကျွန်ုပ်တို့အား ထိုပြည်တစ်ပြည်လုံးကိုမုချပေးတော်မူ ပြီ။ ပြည်သူပြည်သားအပေါင်းတို့သည် အကျွန်ုပ်တို့ကိုကြောက်လန့်လျက်ရှိကြ ပါသည်'' ဟုဆိုကြ၏။