1. ထိုနောက်ယောရှုသည်ခါနာန်ပြည်၏အခြေအနေ၊ အထူးသဖြင့်ယေရိခေါမြို့၏အခြေအနေကိုထောက်လှမ်းရန် သူလျှိုနှစ်ဦးကိုစခန်းချရာအကေရှအရပ်မှစေလွှတ်လိုက်လေသည်။ သူတို့သည်ယေရိခေါမြို့သို့သွားရောက်သော အခါရာခပ်နာမည်ရှိပြည့်တန်ဆာမအိမ် တွင်တစ်ညတည်းခိုကြလေသည်။-
2. ယေရိခေါမြို့မင်းကြီးသည်ဣသရေလအမျိုးသားအချို့ တိုင်းပြည်၏အခြေအနေ ကိုထောက်လှမ်းရန်ရောက်ရှိနေသည့်သတင်း ကိုကြားသိရသဖြင့်၊-
3. ရာခပ်ထံသို့စေလွှတ်ပြီးလျှင်``သင့်အိမ်သို့ ရောက်ရှိနေသူများသည်သူလျှိုများဖြစ် သည်။ သူတို့ကိုငါ့လက်သို့အပ်လော့'' ဟု ဆင့်ဆိုစေ၏။-
4-6. ရာခပ်က``ကျွန်မ၏အိမ်သို့ဧည့်သည်အချို့ ရောက်ရှိလာသည်မှာမှန်ပါ၏။ သို့ရာတွင်သူ တို့မည်သည့်အရပ်မှလာသည်ကိုကျွန်မ မသိပါ။ သူတို့သည်မြို့တံခါးမပိတ်မီနေ ဝင်ချိန်တွင်ထွက်ခွာသွားကြပါသည်။ သူတို့ မည်သည့်အရပ်သို့ခရီးဆက်ကြသည်ကို လည်းမသိပါ။ သို့သော်လည်းသူတို့နောက် သို့အလျင်အမြန်လိုက်လျှင်မီနိုင်ပါမည်'' ဟုပြန်လည်ဖြေကြားလေ၏။ (သူသည်ထို သူတို့ကိုအိမ်ခေါင်မိုးပေါ်သို့တက်စေပြီး လျှင်အမိုးပေါ်တွင်တင်ထားသောပိုက်ဆံ လျှော်ရိုးများအောက်တွင်ဝှက်ထားပြီး ဖြစ်သည်။)-
7. မင်းကြီးစေလွှတ်လိုက်သူများမြို့ပြင်သို့ ရောက်သည့်အခါ မြို့တံခါးကိုပိတ်လိုက် ကြ၏။ သူတို့သည်ယော်ဒန်မြစ်ကိုဖြတ် လျှောက်နိုင်သည့်မြစ်ကမ်းအထိသူလျှိုများကိုလိုက်လံရှာဖွေကြသည်။
8. သူလျှိုတို့အိပ်ရာမဝင်မီအချိန်၌ ရာခပ်သည်အိမ်မိုးပေါ်သို့တက်လာ၍၊-
9. ``ထာဝရဘုရားသည်သင်တို့အားဤပြည်ကိုပေးတော်မူကြောင်းကျွန်မသိပါသည်။ ဤပြည်သားအပေါင်းတို့သည်သင်တို့ကို ကြောက်လန့်လျက်ရှိကြပါသည်။-