1. ထိုနောက်ယောရှုသည်ခါနာန်ပြည်၏အခြေအနေ၊ အထူးသဖြင့်ယေရိခေါမြို့၏အခြေအနေကိုထောက်လှမ်းရန် သူလျှိုနှစ်ဦးကိုစခန်းချရာအကေရှအရပ်မှစေလွှတ်လိုက်လေသည်။ သူတို့သည်ယေရိခေါမြို့သို့သွားရောက်သော အခါရာခပ်နာမည်ရှိပြည့်တန်ဆာမအိမ် တွင်တစ်ညတည်းခိုကြလေသည်။-
2. ယေရိခေါမြို့မင်းကြီးသည်ဣသရေလအမျိုးသားအချို့ တိုင်းပြည်၏အခြေအနေ ကိုထောက်လှမ်းရန်ရောက်ရှိနေသည့်သတင်း ကိုကြားသိရသဖြင့်၊-
3. ရာခပ်ထံသို့စေလွှတ်ပြီးလျှင်``သင့်အိမ်သို့ ရောက်ရှိနေသူများသည်သူလျှိုများဖြစ် သည်။ သူတို့ကိုငါ့လက်သို့အပ်လော့'' ဟု ဆင့်ဆိုစေ၏။-
7. မင်းကြီးစေလွှတ်လိုက်သူများမြို့ပြင်သို့ ရောက်သည့်အခါ မြို့တံခါးကိုပိတ်လိုက် ကြ၏။ သူတို့သည်ယော်ဒန်မြစ်ကိုဖြတ် လျှောက်နိုင်သည့်မြစ်ကမ်းအထိသူလျှိုများကိုလိုက်လံရှာဖွေကြသည်။
8. သူလျှိုတို့အိပ်ရာမဝင်မီအချိန်၌ ရာခပ်သည်အိမ်မိုးပေါ်သို့တက်လာ၍၊-
9. ``ထာဝရဘုရားသည်သင်တို့အားဤပြည်ကိုပေးတော်မူကြောင်းကျွန်မသိပါသည်။ ဤပြည်သားအပေါင်းတို့သည်သင်တို့ကို ကြောက်လန့်လျက်ရှိကြပါသည်။-
10. သင်တို့အီဂျစ်ပြည်မှထွက်လာစဉ်ကထာဝရဘုရားသည် သင်တို့ချီတက်ရာရှေ့၌ပင်လယ် နီရေကိုခန်းခြောက်စေတော်မူကြောင်းကို ကျွန်မတို့ကြားသိရပါသည်။ ယော်ဒန် မြစ်အရှေ့ဘက်တွင်စိုးစံသောအာမောရိ ဘုရင်နှစ်ပါးဖြစ်ကြသည့်ရှိဟုန်ဘုရင် နှင့်သြဃဘုရင်တို့ကို သင်တို့မည်ကဲ့သို့ သတ်ဖြတ်သုတ်သင်ခဲ့ကြကြောင်းကိုလည်း ကျွန်မကြားသိရပါသည်။-
11. ထိုသတင်းများကိုကြားလျှင်ကြားချင်း ကျွန်မတို့ကြောက်လန့်ကြပါ၏။ သင်တို့ ကြောင့်ကျွန်မတို့စိတ်ပျက်အားလျော့ကြ ပါ၏။ သင်တို့၏ဘုရားသခင်ထာဝရ ဘုရားသည်မိုးမြေကိုပိုင်သအုပ်စိုး သောဘုရားဖြစ်တော်မူ၏။-