38. ဣရုန်မြို့၊ မိဂဒလေလမြို့၊ ဟောရင်မြို့၊ ဗေသ နတ်မြို့၊ ဗက်ရှေမက်မြို့စသောမြို့ကြီးတစ် ဆယ့်ကိုးမြို့နှင့်ယင်းတို့၏ပတ်ဝန်းကျင်ရှိ မြို့များဖြစ်သည်။-
39. ဤမြို့ကြီးများနှင့်ပတ်ဝန်းကျင်ရှိမြို့များ သည် နဿလိအနွယ်မိသားစုတို့ပိုင်သော နယ်မြေအတွင်း၌တည်ရှိသည်။
40. သတ္တမအကြိမ်မဲချ ၍ခွဲဝေပေးသောအခါဒန်အနွယ်မိသား စုတို့သည်နယ်မြေကိုရရှိကြ၏။-
41. ထိုနယ်မြေတွင်ဇောရာမြို့၊ ဧရှတောလ မြို့၊ ဣရရှေမက်မြို့၊-
42. ရှာလဗ္ဗိန်မြို့၊ အာယလုန်မြို့၊ ယေသလမြို့၊-
43. ဧလုန်မြို့၊ သိမနာသမြို့၊ ဧကြုန်မြို့၊
44-46. ဧလတေကမြို့၊ ဂိဗ္ဗသုန်မြို့၊ ဗာလပ်မြို့၊- ယေဟုတ်မြို့၊ ဗေနဗေရက်မြို့၊ ဂါသရိမ္မုန် မြို့၊- မေယာကုန်မြို့၊ ရက္ကုန်မြို့များနှင့်တကွ ယုပ္ပေမြို့ပတ်လည်ရှိဒေသပါဝင်လေသည်။-
47. ဒန်အနွယ်ဝင်တို့သည်မိမိတို့၏နယ်မြေ ဆုံးရှုံးရသောအခါလဲရှမြို့ကိုစစ်ချီ တိုက်ခိုက်၍မြို့သူမြို့သားများကိုသတ် ဖြတ်သုတ်သင်ပြီးလျှင်ထိုမြို့တွင်နေထိုင် ကြ၏။ လဲရှဟူသောမြို့နာမည်ကိုအနွယ် ၏ဖခင်ဒန်နာမည်သို့ပြောင်းလဲမှည့်ခေါ် ကြလေသည်။-
48. ဤမြို့များနှင့်ပတ်ဝန်းကျင်ရှိမြို့များသည် ဒန်အနွယ်ဝင်မိသားစုတို့ပိုင်သောနယ်မြေ အတွင်း၌တည်ရှိလေသည်။
49. ဣသရေလအမျိုးသားတို့သည်တိုင်းပြည် တစ်ပြည်လုံးကိုခွဲဝေပြီးသောအခါ နုန် ၏သားယောရှုအတွက်မြေယာတစ်ခုကို သတ်မှတ်ပေးကြသည်။-