ယော​ရှု 19:34-47 Common Language Bible (BCL)

34. နယ်​နိ​မိတ်​သည်​အ​နောက်​ဘက်​အာ​ဇ​နုတ္တာ ဘော်​မြို့​သို့​လှည့်​ပြီး​လျှင်​ဟု​ကုတ်​မြို့​သို့ ရောက်​၏။ တောင်​ဘက်​နယ်​စပ်​တွင်​ဇာ​ဗု​လုန် နယ်​မြေ၊ အ​နောက်​ဘက်​နယ်​စပ်​တွင်​အာ​ရှာ နယ်​မြေ၊ အ​ရှေ့​ဘက်​နယ်​စပ်​တွင်​ယော်​ဒန်​မြစ် တို့​အ​သီး​သီး​တည်​ရှိ​သည်။-

35. တံ​တိုင်း​ကာ​ရံ​ထား​သော​မြို့​ကြီး​များ​မှာ ဇိဒ္ဒမ်​မြို့၊ ဇေ​ရ​မြို့၊ ဟမ္မတ်​မြို့၊ ရက္ကတ်​မြို့၊ ဂင်္နေ သ​ရက်​မြို့၊-

36. အာ​ဒ​မာ​မြို့၊ ရာ​မ​မြို့၊ ဟာ​ဇော်​မြို့၊-

37. ကေ​ဒေ​ရှ​မြို့၊ ဧ​ဒြိ​မြို့၊ အင်​ဟာ​ဇော်​မြို့၊-

38. ဣ​ရုန်​မြို့၊ မိ​ဂ​ဒ​လေ​လ​မြို့၊ ဟော​ရင်​မြို့၊ ဗေ​သ နတ်​မြို့၊ ဗက်​ရှေ​မက်​မြို့​စ​သော​မြို့​ကြီး​တစ် ဆယ့်​ကိုး​မြို့​နှင့်​ယင်း​တို့​၏​ပတ်​ဝန်း​ကျင်​ရှိ မြို့​များ​ဖြစ်​သည်။-

39. ဤ​မြို့​ကြီး​များ​နှင့်​ပတ်​ဝန်း​ကျင်​ရှိ​မြို့​များ သည် န​ဿ​လိ​အ​နွယ်​မိ​သား​စု​တို့​ပိုင်​သော နယ်​မြေ​အ​တွင်း​၌​တည်​ရှိ​သည်။

40. သတ္တ​မ​အ​ကြိမ်​မဲ​ချ ၍​ခွဲ​ဝေ​ပေး​သော​အ​ခါ​ဒန်​အ​နွယ်​မိ​သား စု​တို့​သည်​နယ်​မြေ​ကို​ရ​ရှိ​ကြ​၏။-

41. ထို​နယ်​မြေ​တွင်​ဇော​ရာ​မြို့၊ ဧ​ရှ​တော​လ မြို့၊ ဣ​ရ​ရှေ​မက်​မြို့၊-

42. ရှာ​လဗ္ဗိန်​မြို့၊ အာ​ယ​လုန်​မြို့၊ ယေ​သ​လ​မြို့၊-

43. ဧ​လုန်​မြို့၊ သိ​မ​နာ​သ​မြို့၊ ဧ​ကြုန်​မြို့၊

44-46. ဧ​လ​တေ​က​မြို့၊ ဂိဗ္ဗ​သုန်​မြို့၊ ဗာ​လပ်​မြို့၊- ယေ​ဟုတ်​မြို့၊ ဗေ​န​ဗေ​ရက်​မြို့၊ ဂါ​သ​ရိမ္မုန် မြို့၊- မေ​ယာ​ကုန်​မြို့၊ ရက္ကုန်​မြို့​များ​နှင့်​တ​ကွ ယုပ္ပေ​မြို့​ပတ်​လည်​ရှိ​ဒေ​သ​ပါ​ဝင်​လေ​သည်။-

47. ဒန်​အ​နွယ်​ဝင်​တို့​သည်​မိ​မိ​တို့​၏​နယ်​မြေ ဆုံး​ရှုံး​ရ​သော​အ​ခါ​လဲရှ​မြို့​ကို​စစ်​ချီ တိုက်​ခိုက်​၍​မြို့​သူ​မြို့​သား​များ​ကို​သတ် ဖြတ်​သုတ်​သင်​ပြီး​လျှင်​ထို​မြို့​တွင်​နေ​ထိုင် ကြ​၏။ လဲ​ရှ​ဟူ​သော​မြို့​နာ​မည်​ကို​အ​နွယ် ၏​ဖ​ခင်​ဒန်​နာ​မည်​သို့​ပြောင်း​လဲ​မှည့်​ခေါ် ကြ​လေ​သည်။-

ယော​ရှု 19