30. အုမ္မမြို့၊ အာဖက်မြို့၊ ရဟောဘမြို့ကြီးနှစ် ဆယ့်နှစ်မြို့နှင့် ယင်းတို့၏ပတ်ဝန်းကျင်ရှိ မြို့များပါဝင်လေသည်။-
31. ဤမြို့ကြီးများနှင့်ပတ်ဝန်းကျင်ရှိမြို့များ သည် အာရှာအနွယ်မိသားစုတို့ပိုင်သော နယ်မြေအတွင်း၌တည်ရှိလေသည်။
32. ဆဋ္ဌမအကြိမ်မဲချ ၍ခွဲဝေပေးသောအခါနဿလိအနွယ် မိသားစုတို့နယ်မြေကိုရရှိကြ၏။-
33. ထိုနယ်မြေ၏နယ်နိမိတ်သည်ဟေလပ်မြို့၊ ဇာနန္နိမ်မြို့အရပ်ရှိဝက်သစ်ချပင်မှအစ ပြု၍အာဒမိနေကပ်မြို့၊ ယာဗနေလမြို့ နှင့်လကုံမြို့များကိုဖြတ်ပြီးယော်ဒန်မြစ် ၌အဆုံးသတ်သည်။-
34. နယ်နိမိတ်သည်အနောက်ဘက်အာဇနုတ္တာ ဘော်မြို့သို့လှည့်ပြီးလျှင်ဟုကုတ်မြို့သို့ ရောက်၏။ တောင်ဘက်နယ်စပ်တွင်ဇာဗုလုန် နယ်မြေ၊ အနောက်ဘက်နယ်စပ်တွင်အာရှာ နယ်မြေ၊ အရှေ့ဘက်နယ်စပ်တွင်ယော်ဒန်မြစ် တို့အသီးသီးတည်ရှိသည်။-
35. တံတိုင်းကာရံထားသောမြို့ကြီးများမှာ ဇိဒ္ဒမ်မြို့၊ ဇေရမြို့၊ ဟမ္မတ်မြို့၊ ရက္ကတ်မြို့၊ ဂင်္နေ သရက်မြို့၊-
36. အာဒမာမြို့၊ ရာမမြို့၊ ဟာဇော်မြို့၊-
37. ကေဒေရှမြို့၊ ဧဒြိမြို့၊ အင်ဟာဇော်မြို့၊-
38. ဣရုန်မြို့၊ မိဂဒလေလမြို့၊ ဟောရင်မြို့၊ ဗေသ နတ်မြို့၊ ဗက်ရှေမက်မြို့စသောမြို့ကြီးတစ် ဆယ့်ကိုးမြို့နှင့်ယင်းတို့၏ပတ်ဝန်းကျင်ရှိ မြို့များဖြစ်သည်။-
39. ဤမြို့ကြီးများနှင့်ပတ်ဝန်းကျင်ရှိမြို့များ သည် နဿလိအနွယ်မိသားစုတို့ပိုင်သော နယ်မြေအတွင်း၌တည်ရှိသည်။
40. သတ္တမအကြိမ်မဲချ ၍ခွဲဝေပေးသောအခါဒန်အနွယ်မိသား စုတို့သည်နယ်မြေကိုရရှိကြ၏။-