ယော​ရှု 19:22-36 Common Language Bible (BCL)

22. နယ်​နိ​မိတ်​သည်​တာ​ဗော်​မြို့၊ ရှာ​ဟ​ဇိ​မ​မြို့၊ ဗက်​ရှေ​မက်​မြို့​များ​ကို​ဖြတ်​၍​ယော်​ဒန်​မြစ် တွင်​အ​ဆုံး​သတ်​သည်။ ဤ​နယ်​မြေ​တွင်​မြို့ ကြီး​တစ်​ဆယ့်​ခြောက်​မြို့​နှင့်​ယင်း​တို့​၏ ပတ်​ဝန်း​ကျင်​ရှိ​မြို့​များ​ပါ​ဝင်​သည်။-

23. ထို​မြို့​များ​နှင့်​ပတ်​ဝန်း​ကျင်​ရှိ​မြို့​များ​သည် ဣ​သ​ခါ​အ​နွယ်​မိ​သား​စု​များ​အ​ပိုင်​ရ သော​နယ်​မြေ​အ​တွင်း​၌​တည်​ရှိ​လေ​သည်။

24. ပဉ္စမ​အ​ကြိမ် မဲ​ချ ၍​ခွဲ​ဝေ​ပေး​သော​အ​ခါ​အာရှာ​အ​နွယ် မိ​သား​စု​တို့​သည်​နယ်​မြေ​ကို​ရ​ရှိ​ကြ ၏။-

25. ထို​နယ်​မြေ​တွင်​ဟေ​လ​ကတ်​မြို့၊ ဟာ​လိ​မြို့၊ ဗေ​တင်​မြို့၊ အာ​ခ​ရှပ်​မြို့၊-

26. အ​လမ္မေ​လက်​မြို့၊ အာ​မဒ်​မြို့၊ မိ​ရှာ​လ​မြို့​များ ပါ​ဝင်​သည်။ အ​နောက်​နယ်​နိ​မိတ်​သည်​က​ရ မေ​လ​မြို့​နှင့်​ရှိ​ဟော​ရ​လိ​ဗ​နတ်​မြို့​များ ကို​ဖြတ်​သွား​သည်။-

27. ထို​နောက်​အ​ရှေ့​ဘက်​သို့​လှည့်​၍​ဗက်​ဒါ​ဂုန် မြို့​သို့​ရောက်​ပြီး​လျှင် ဇာ​ဗု​လုန်​နယ်​မြေ​နှင့် ယိ​ဖ​သေ​လ​ချိုင့်​ဝှမ်း​ကို​ဖြတ်​လျက် မြောက် ဘက်​ဗေ​သ​မက်​မြို့​နှင့်​န​ယေ​လ​မြို့​သို့ ရောက်​သည်။ တစ်​ဖန်​မြောက်​ဘက်​သို့​ဆက် ၍​ကာ​ဗု​လ​မြို့၊-

28. ဧ​ဗြုန်​မြို့၊ ရ​ဟော​ဘ​မြို့၊ ဟမ္မုန်​မြို့၊ ကာ​န​မြို့ များ​မှ​ဇိ​ဒုန်​မြို့​အ​ထိ​ရောက်​သည်။-

29. ထို​မှ​တစ်​ဖန်​ရာ​မ​မြို့​ဘက်​သို့​လှည့်​ပြီး​လျှင် တံ​တိုင်း​ကာ​ရံ​ထား​သော​တု​ရု​မြို့​သို့​ရောက် သည်။ ထို​နောက်​ဟော​သ​မြို့​သို့​လှည့်​ပြီး​လျှင် မြေ​ထဲ​ပင်​လယ်​၌​အ​ဆုံး​သတ်​သည်။ နယ် မြေ​တွင်​မ​ဟာ​လပ်​မြို့၊ အာ​ခ​ဇိပ်​မြို့၊-

30. အုမ္မ​မြို့၊ အာ​ဖက်​မြို့၊ ရ​ဟော​ဘ​မြို့​ကြီး​နှစ် ဆယ့်​နှစ်​မြို့​နှင့် ယင်း​တို့​၏​ပတ်​ဝန်း​ကျင်​ရှိ မြို့​များ​ပါ​ဝင်​လေ​သည်။-

31. ဤ​မြို့​ကြီး​များ​နှင့်​ပတ်​ဝန်း​ကျင်​ရှိ​မြို့​များ သည် အာ​ရှာ​အ​နွယ်​မိ​သား​စု​တို့​ပိုင်​သော နယ်​မြေ​အ​တွင်း​၌​တည်​ရှိ​လေ​သည်။

32. ဆ​ဋ္ဌ​မ​အ​ကြိမ်​မဲ​ချ ၍​ခွဲ​ဝေ​ပေး​သော​အ​ခါ​န​ဿ​လိ​အ​နွယ် မိ​သား​စု​တို့​နယ်​မြေ​ကို​ရ​ရှိ​ကြ​၏။-

33. ထို​နယ်​မြေ​၏​နယ်​နိ​မိတ်​သည်​ဟေ​လပ်​မြို့၊ ဇာ​နန္နိမ်​မြို့​အ​ရပ်​ရှိ​ဝက်​သစ်​ချ​ပင်​မှ​အ​စ ပြု​၍​အာ​ဒ​မိ​နေ​ကပ်​မြို့၊ ယာ​ဗ​နေ​လ​မြို့ နှင့်​လကုံ​မြို့​များ​ကို​ဖြတ်​ပြီး​ယော်​ဒန်​မြစ် ၌​အ​ဆုံး​သတ်​သည်။-

34. နယ်​နိ​မိတ်​သည်​အ​နောက်​ဘက်​အာ​ဇ​နုတ္တာ ဘော်​မြို့​သို့​လှည့်​ပြီး​လျှင်​ဟု​ကုတ်​မြို့​သို့ ရောက်​၏။ တောင်​ဘက်​နယ်​စပ်​တွင်​ဇာ​ဗု​လုန် နယ်​မြေ၊ အ​နောက်​ဘက်​နယ်​စပ်​တွင်​အာ​ရှာ နယ်​မြေ၊ အ​ရှေ့​ဘက်​နယ်​စပ်​တွင်​ယော်​ဒန်​မြစ် တို့​အ​သီး​သီး​တည်​ရှိ​သည်။-

35. တံ​တိုင်း​ကာ​ရံ​ထား​သော​မြို့​ကြီး​များ​မှာ ဇိဒ္ဒမ်​မြို့၊ ဇေ​ရ​မြို့၊ ဟမ္မတ်​မြို့၊ ရက္ကတ်​မြို့၊ ဂင်္နေ သ​ရက်​မြို့၊-

36. အာ​ဒ​မာ​မြို့၊ ရာ​မ​မြို့၊ ဟာ​ဇော်​မြို့၊-

ယော​ရှု 19