2-5. ထိုနယ်မြေတွင်ဗေရရှေဘမြို့၊ ရှေဘမြို့၊ မောလဒါမြို့၊-ဟာဇာရွှာလမြို့၊ ဗာလာမြို့၊ အာဇင်မြို့၊ ဧလတောလဒ်မြို့၊ ဗေသုလမြို့၊ ဟောမာမြို့၊ ဇိကလတ်မြို့၊ ဗက်မာကဗုတ် မြို့၊ ဟာဇာသုသမြို့၊-
6. ဗက်လေဗောက်မြို့၊ ရှရုဟင်မြို့စသောမြို့ ကြီးတစ်ဆယ့်သုံးမြို့နှင့်ယင်းတို့၏ပတ် ဝန်းကျင်ရှိမြို့များပါဝင်သည်။-
7. ထို့အပြင်အင်မြို့၊ ရိမ္မုန်မြို့၊ ဧသာမြို့၊ အာရှန် မြို့စသောမြို့ကြီးလေးမြို့နှင့်ယင်းတို့၏ ပတ်ဝန်းကျင်ရှိမြို့များလည်းပါဝင်သည်။-
8. ထိုမြို့ကြီးများ၏ပတ်ဝန်းကျင်ရှိမြို့များ မှာတောင်ဘက်ဗာလတ်ဗေရမြို့(ရာမတ်မြို့) အထိတည်ရှိသောမြို့အားလုံးပါဝင်လေ သည်။ ဤနယ်မြေသည်ရှိမောင်အနွယ်မိသား စုတို့ပိုင်သောနယ်မြေဖြစ်သည်။-
9. ယုဒအနွယ်အတွက်ဝေစုသည်လိုအပ် သည်ထက်ပို၍ကျယ်ဝန်းသောကြောင့် ရှိမောင် အနွယ်အားထိုနယ်မြေမှခွဲဝေပေးခြင်း ဖြစ်သည်။
19-21. ဟာဖရိမ်မြို့၊ ရှိဟုန်မြို့၊ အာနဟာရတ်မြို့၊- ရဗ္ဗိတ်မြို့၊ကိရှုန်မြို့၊ အာဗက်မြို့၊- ရေမက်မြို့၊ အင်္ဂန္နိမ်မြို့၊ အင်္ဟဒ္ဒါမြို့၊ ဗက်ပဇ္ဇက်မြို့များပါဝင် သည်။-
22. နယ်နိမိတ်သည်တာဗော်မြို့၊ ရှာဟဇိမမြို့၊ ဗက်ရှေမက်မြို့များကိုဖြတ်၍ယော်ဒန်မြစ် တွင်အဆုံးသတ်သည်။ ဤနယ်မြေတွင်မြို့ ကြီးတစ်ဆယ့်ခြောက်မြို့နှင့်ယင်းတို့၏ ပတ်ဝန်းကျင်ရှိမြို့များပါဝင်သည်။-
23. ထိုမြို့များနှင့်ပတ်ဝန်းကျင်ရှိမြို့များသည် ဣသခါအနွယ်မိသားစုများအပိုင်ရ သောနယ်မြေအတွင်း၌တည်ရှိလေသည်။
24. ပဉ္စမအကြိမ် မဲချ ၍ခွဲဝေပေးသောအခါအာရှာအနွယ် မိသားစုတို့သည်နယ်မြေကိုရရှိကြ ၏။-
25. ထိုနယ်မြေတွင်ဟေလကတ်မြို့၊ ဟာလိမြို့၊ ဗေတင်မြို့၊ အာခရှပ်မြို့၊-
26. အလမ္မေလက်မြို့၊ အာမဒ်မြို့၊ မိရှာလမြို့များ ပါဝင်သည်။ အနောက်နယ်နိမိတ်သည်ကရ မေလမြို့နှင့်ရှိဟောရလိဗနတ်မြို့များ ကိုဖြတ်သွားသည်။-
27. ထိုနောက်အရှေ့ဘက်သို့လှည့်၍ဗက်ဒါဂုန် မြို့သို့ရောက်ပြီးလျှင် ဇာဗုလုန်နယ်မြေနှင့် ယိဖသေလချိုင့်ဝှမ်းကိုဖြတ်လျက် မြောက် ဘက်ဗေသမက်မြို့နှင့်နယေလမြို့သို့ ရောက်သည်။ တစ်ဖန်မြောက်ဘက်သို့ဆက် ၍ကာဗုလမြို့၊-
28. ဧဗြုန်မြို့၊ ရဟောဘမြို့၊ ဟမ္မုန်မြို့၊ ကာနမြို့ များမှဇိဒုန်မြို့အထိရောက်သည်။-
29. ထိုမှတစ်ဖန်ရာမမြို့ဘက်သို့လှည့်ပြီးလျှင် တံတိုင်းကာရံထားသောတုရုမြို့သို့ရောက် သည်။ ထိုနောက်ဟောသမြို့သို့လှည့်ပြီးလျှင် မြေထဲပင်လယ်၌အဆုံးသတ်သည်။ နယ် မြေတွင်မဟာလပ်မြို့၊ အာခဇိပ်မြို့၊-
30. အုမ္မမြို့၊ အာဖက်မြို့၊ ရဟောဘမြို့ကြီးနှစ် ဆယ့်နှစ်မြို့နှင့် ယင်းတို့၏ပတ်ဝန်းကျင်ရှိ မြို့များပါဝင်လေသည်။-
31. ဤမြို့ကြီးများနှင့်ပတ်ဝန်းကျင်ရှိမြို့များ သည် အာရှာအနွယ်မိသားစုတို့ပိုင်သော နယ်မြေအတွင်း၌တည်ရှိလေသည်။
32. ဆဋ္ဌမအကြိမ်မဲချ ၍ခွဲဝေပေးသောအခါနဿလိအနွယ် မိသားစုတို့နယ်မြေကိုရရှိကြ၏။-
33. ထိုနယ်မြေ၏နယ်နိမိတ်သည်ဟေလပ်မြို့၊ ဇာနန္နိမ်မြို့အရပ်ရှိဝက်သစ်ချပင်မှအစ ပြု၍အာဒမိနေကပ်မြို့၊ ယာဗနေလမြို့ နှင့်လကုံမြို့များကိုဖြတ်ပြီးယော်ဒန်မြစ် ၌အဆုံးသတ်သည်။-
34. နယ်နိမိတ်သည်အနောက်ဘက်အာဇနုတ္တာ ဘော်မြို့သို့လှည့်ပြီးလျှင်ဟုကုတ်မြို့သို့ ရောက်၏။ တောင်ဘက်နယ်စပ်တွင်ဇာဗုလုန် နယ်မြေ၊ အနောက်ဘက်နယ်စပ်တွင်အာရှာ နယ်မြေ၊ အရှေ့ဘက်နယ်စပ်တွင်ယော်ဒန်မြစ် တို့အသီးသီးတည်ရှိသည်။-