1. ဒုတိယအကြိမ်မဲချ ၍ခွဲဝေပေးသောအခါရှိမောင်အနွယ်ဝင် မိသားစုတို့နယ်မြေရရှိကြ၏။ ထိုနယ် မြေသည်ယုဒအနွယ်ဝင်တို့အားခွဲဝေ ပေးသောနယ်မြေအတွင်း၌တည်ရှိသည်။-
2-5. ထိုနယ်မြေတွင်ဗေရရှေဘမြို့၊ ရှေဘမြို့၊ မောလဒါမြို့၊-ဟာဇာရွှာလမြို့၊ ဗာလာမြို့၊ အာဇင်မြို့၊ ဧလတောလဒ်မြို့၊ ဗေသုလမြို့၊ ဟောမာမြို့၊ ဇိကလတ်မြို့၊ ဗက်မာကဗုတ် မြို့၊ ဟာဇာသုသမြို့၊-
10. တတိယအကြိမ်မဲချ ၍ခွဲဝေပေးသောအခါဇာဗုလုန်အနွယ်မိသား စုတို့နယ်မြေကိုရရှိကြ၏။ သူတို့ရရှိ သောနယ်မြေသည်စာရိဒ်မြို့အထိကျယ် ပြန့်သည်။-
11. နယ်နိမိတ်သည်ထိုမြို့မှဒဗ္ဗရှက်မြို့နှင့်ယော ကနံမြို့အရှေ့ဘက်ရှိချောင်းကိုဖြတ်၍ အနောက်ဘက်ရှိမရာလမြို့အထိ ရောက်သည်။-
12. နယ်နိမိတ်သည်စာရိဒ်မြို့မှအရှေ့ဘက် ခိသလုတ္တာဗော်မြို့နယ်စပ်အထိသွား၏။ ထိုမှဒါဗရတ်မြို့သို့ရောက်ပြီးလျှင် ယာဖျာမြို့သို့တက်သွား၏။-
13. ထိုမှအရှေ့ဘက်ဂိတ္တဟေဖာမြို့နှင့်အိတ္တ ကာဇိန်မြို့သို့ရောက်၍ ရိမ္မုန်မြို့သို့သွား ရာလမ်းရှိနေအာမြို့သို့လှည့်သွား၏။-
14. မြောက်ဘက်နယ်နိမိတ်သည်ဟန္နသုန်မြို့ဘက် သို့လှည့်၍ ယိဖသေလချိုင့်ဝှမ်း၌အဆုံး သတ်သည်။-
15. ထိုနယ်မြေတွင်ကတ္တတ်မြို့၊ နဟာလာလမြို့၊ ရှိမရုန်မြို့၊ ဣဒလမြို့၊ ဗက်လင်မြို့စသော မြို့ကြီးတစ်ဆယ့်နှစ်မြို့နှင့်ယင်းတို့၏ ပတ်ဝန်းကျင်ရှိမြို့များပါဝင်သည်။-
16. ဤမြို့ကြီးများနှင့်ပတ်ဝန်းကျင်ရှိမြို့ များသည်ဇာဗုလုန်အနွယ်မိသားစုတို့ ပိုင်သောနယ်မြေအတွင်း၌တည်ရှိလေ သည်။
17. စတုတ္ထအကြိမ်မဲချ ၍ခွဲဝေပေးသောအခါဣသခါအနွယ် မိသားစုတို့နယ်မြေရရှိကြ၏။-
18. ထိုနယ်မြေတွင်ယေဇရေလမြို့၊ ခေသု လုတ်မြို့၊ ရှုနင်မြို့၊-
19-21. ဟာဖရိမ်မြို့၊ ရှိဟုန်မြို့၊ အာနဟာရတ်မြို့၊- ရဗ္ဗိတ်မြို့၊ကိရှုန်မြို့၊ အာဗက်မြို့၊- ရေမက်မြို့၊ အင်္ဂန္နိမ်မြို့၊ အင်္ဟဒ္ဒါမြို့၊ ဗက်ပဇ္ဇက်မြို့များပါဝင် သည်။-