ယော​ရှု 19:1-22 Common Language Bible (BCL)

1. ဒု​တိ​ယ​အ​ကြိမ်​မဲ​ချ ၍​ခွဲ​ဝေ​ပေး​သော​အ​ခါ​ရှိ​မောင်​အ​နွယ်​ဝင် မိ​သား​စု​တို့​နယ်​မြေ​ရ​ရှိ​ကြ​၏။ ထို​နယ် မြေ​သည်​ယု​ဒ​အ​နွယ်​ဝင်​တို့​အား​ခွဲ​ဝေ ပေး​သော​နယ်​မြေ​အ​တွင်း​၌​တည်​ရှိ​သည်။-

2-5. ထို​နယ်​မြေ​တွင်​ဗေ​ရ​ရှေ​ဘ​မြို့၊ ရှေ​ဘ​မြို့၊ မော​လ​ဒါ​မြို့၊-ဟာ​ဇာ​ရွှာ​လ​မြို့၊ ဗာ​လာ​မြို့၊ အာ​ဇင်​မြို့၊ ဧ​လ​တော​လဒ်​မြို့၊ ဗေ​သု​လ​မြို့၊ ဟော​မာ​မြို့၊ ဇိ​က​လတ်​မြို့၊ ဗက်​မာ​က​ဗုတ် မြို့၊ ဟာ​ဇာ​သု​သ​မြို့၊-

6. ဗက်​လေ​ဗောက်​မြို့၊ ရှ​ရု​ဟင်​မြို့​စ​သော​မြို့ ကြီး​တစ်​ဆယ့်​သုံး​မြို့​နှင့်​ယင်း​တို့​၏​ပတ် ဝန်း​ကျင်​ရှိ​မြို့​များ​ပါ​ဝင်​သည်။-

7. ထို့​အ​ပြင်​အင်​မြို့၊ ရိမ္မုန်​မြို့၊ ဧ​သာ​မြို့၊ အာ​ရှန် မြို့​စ​သော​မြို့​ကြီး​လေး​မြို့​နှင့်​ယင်း​တို့​၏ ပတ်​ဝန်း​ကျင်​ရှိ​မြို့​များ​လည်း​ပါ​ဝင်​သည်။-

8. ထို​မြို့​ကြီး​များ​၏​ပတ်​ဝန်း​ကျင်​ရှိ​မြို့​များ မှာ​တောင်​ဘက်​ဗာ​လတ်​ဗေ​ရ​မြို့(ရာ​မတ်​မြို့) အ​ထိ​တည်​ရှိ​သော​မြို့​အား​လုံး​ပါ​ဝင်​လေ သည်။ ဤ​နယ်​မြေ​သည်​ရှိ​မောင်​အ​နွယ်​မိ​သား စု​တို့​ပိုင်​သော​နယ်​မြေ​ဖြစ်​သည်။-

9. ယု​ဒ​အ​နွယ်​အ​တွက်​ဝေ​စု​သည်​လို​အပ် သည်​ထက်​ပို​၍​ကျယ်​ဝန်း​သော​ကြောင့် ရှိ​မောင် အ​နွယ်​အား​ထို​နယ်​မြေ​မှ​ခွဲ​ဝေ​ပေး​ခြင်း ဖြစ်​သည်။

10. တ​တိ​ယ​အ​ကြိမ်​မဲ​ချ ၍​ခွဲ​ဝေ​ပေး​သော​အ​ခါ​ဇာဗုလုန်​အ​နွယ်​မိ​သား စု​တို့​နယ်​မြေ​ကို​ရ​ရှိ​ကြ​၏။ သူ​တို့​ရ​ရှိ သော​နယ်​မြေ​သည်​စာ​ရိဒ်​မြို့​အ​ထိ​ကျယ် ပြန့်​သည်။-

11. နယ်​နိ​မိတ်​သည်​ထို​မြို့​မှ​ဒဗ္ဗရှက်​မြို့​နှင့်​ယော က​နံ​မြို့​အ​ရှေ့​ဘက်​ရှိ​ချောင်း​ကို​ဖြတ်​၍ အ​နောက်​ဘက်​ရှိ​မ​ရာ​လ​မြို့​အ​ထိ ရောက်​သည်။-

12. နယ်​နိ​မိတ်​သည်​စာ​ရိဒ်​မြို့​မှ​အ​ရှေ့​ဘက် ခိ​သ​လုတ္တာ​ဗော်​မြို့​နယ်​စပ်​အ​ထိ​သွား​၏။ ထို​မှ​ဒါ​ဗ​ရတ်​မြို့​သို့​ရောက်​ပြီး​လျှင် ယာ​ဖျာ​မြို့​သို့​တက်​သွား​၏။-

13. ထို​မှ​အ​ရှေ့​ဘက်​ဂိတ္တ​ဟေ​ဖာ​မြို့​နှင့်​အိတ္တ ကာ​ဇိန်​မြို့​သို့​ရောက်​၍ ရိမ္မုန်​မြို့​သို့​သွား ရာ​လမ်း​ရှိ​နေ​အာ​မြို့​သို့​လှည့်​သွား​၏။-

14. မြောက်​ဘက်​နယ်​နိ​မိတ်​သည်​ဟန္နသုန်​မြို့​ဘက် သို့​လှည့်​၍ ယိ​ဖ​သေ​လ​ချိုင့်​ဝှမ်း​၌​အ​ဆုံး သတ်​သည်။-

15. ထို​နယ်​မြေ​တွင်​ကတ္တတ်​မြို့၊ န​ဟာ​လာ​လ​မြို့၊ ရှိ​မ​ရုန်​မြို့၊ ဣ​ဒ​လ​မြို့၊ ဗက်​လင်​မြို့​စ​သော မြို့​ကြီး​တစ်​ဆယ့်​နှစ်​မြို့​နှင့်​ယင်း​တို့​၏ ပတ်​ဝန်း​ကျင်​ရှိ​မြို့​များ​ပါ​ဝင်​သည်။-

16. ဤ​မြို့​ကြီး​များ​နှင့်​ပတ်​ဝန်း​ကျင်​ရှိ​မြို့ များ​သည်​ဇာ​ဗု​လုန်​အ​နွယ်​မိ​သား​စု​တို့ ပိုင်​သော​နယ်​မြေ​အ​တွင်း​၌​တည်​ရှိ​လေ သည်။

17. စ​တုတ္ထ​အ​ကြိမ်​မဲ​ချ ၍​ခွဲ​ဝေ​ပေး​သော​အ​ခါ​ဣ​သ​ခါ​အ​နွယ် မိ​သား​စု​တို့​နယ်​မြေ​ရ​ရှိ​ကြ​၏။-

18. ထို​နယ်​မြေ​တွင်​ယေ​ဇ​ရေ​လ​မြို့၊ ခေ​သု လုတ်​မြို့၊ ရှု​နင်​မြို့၊-

19-21. ဟာ​ဖ​ရိမ်​မြို့၊ ရှိ​ဟုန်​မြို့၊ အာ​န​ဟာ​ရတ်​မြို့၊- ရဗ္ဗိတ်​မြို့၊​ကိ​ရှုန်​မြို့၊ အာ​ဗက်​မြို့၊- ရေ​မက်​မြို့၊ အင်္ဂန္နိမ်​မြို့၊ အင်္ဟဒ္ဒါ​မြို့၊ ဗက်​ပဇ္ဇက်​မြို့​များ​ပါ​ဝင် သည်။-

22. နယ်​နိ​မိတ်​သည်​တာ​ဗော်​မြို့၊ ရှာ​ဟ​ဇိ​မ​မြို့၊ ဗက်​ရှေ​မက်​မြို့​များ​ကို​ဖြတ်​၍​ယော်​ဒန်​မြစ် တွင်​အ​ဆုံး​သတ်​သည်။ ဤ​နယ်​မြေ​တွင်​မြို့ ကြီး​တစ်​ဆယ့်​ခြောက်​မြို့​နှင့်​ယင်း​တို့​၏ ပတ်​ဝန်း​ကျင်​ရှိ​မြို့​များ​ပါ​ဝင်​သည်။-

ယော​ရှု 19