1. ဒုတိယအကြိမ်မဲချ ၍ခွဲဝေပေးသောအခါရှိမောင်အနွယ်ဝင် မိသားစုတို့နယ်မြေရရှိကြ၏။ ထိုနယ် မြေသည်ယုဒအနွယ်ဝင်တို့အားခွဲဝေ ပေးသောနယ်မြေအတွင်း၌တည်ရှိသည်။-
6. ဗက်လေဗောက်မြို့၊ ရှရုဟင်မြို့စသောမြို့ ကြီးတစ်ဆယ့်သုံးမြို့နှင့်ယင်းတို့၏ပတ် ဝန်းကျင်ရှိမြို့များပါဝင်သည်။-
7. ထို့အပြင်အင်မြို့၊ ရိမ္မုန်မြို့၊ ဧသာမြို့၊ အာရှန် မြို့စသောမြို့ကြီးလေးမြို့နှင့်ယင်းတို့၏ ပတ်ဝန်းကျင်ရှိမြို့များလည်းပါဝင်သည်။-
8. ထိုမြို့ကြီးများ၏ပတ်ဝန်းကျင်ရှိမြို့များ မှာတောင်ဘက်ဗာလတ်ဗေရမြို့(ရာမတ်မြို့) အထိတည်ရှိသောမြို့အားလုံးပါဝင်လေ သည်။ ဤနယ်မြေသည်ရှိမောင်အနွယ်မိသား စုတို့ပိုင်သောနယ်မြေဖြစ်သည်။-
9. ယုဒအနွယ်အတွက်ဝေစုသည်လိုအပ် သည်ထက်ပို၍ကျယ်ဝန်းသောကြောင့် ရှိမောင် အနွယ်အားထိုနယ်မြေမှခွဲဝေပေးခြင်း ဖြစ်သည်။
10. တတိယအကြိမ်မဲချ ၍ခွဲဝေပေးသောအခါဇာဗုလုန်အနွယ်မိသား စုတို့နယ်မြေကိုရရှိကြ၏။ သူတို့ရရှိ သောနယ်မြေသည်စာရိဒ်မြို့အထိကျယ် ပြန့်သည်။-
11. နယ်နိမိတ်သည်ထိုမြို့မှဒဗ္ဗရှက်မြို့နှင့်ယော ကနံမြို့အရှေ့ဘက်ရှိချောင်းကိုဖြတ်၍ အနောက်ဘက်ရှိမရာလမြို့အထိ ရောက်သည်။-
12. နယ်နိမိတ်သည်စာရိဒ်မြို့မှအရှေ့ဘက် ခိသလုတ္တာဗော်မြို့နယ်စပ်အထိသွား၏။ ထိုမှဒါဗရတ်မြို့သို့ရောက်ပြီးလျှင် ယာဖျာမြို့သို့တက်သွား၏။-
13. ထိုမှအရှေ့ဘက်ဂိတ္တဟေဖာမြို့နှင့်အိတ္တ ကာဇိန်မြို့သို့ရောက်၍ ရိမ္မုန်မြို့သို့သွား ရာလမ်းရှိနေအာမြို့သို့လှည့်သွား၏။-
14. မြောက်ဘက်နယ်နိမိတ်သည်ဟန္နသုန်မြို့ဘက် သို့လှည့်၍ ယိဖသေလချိုင့်ဝှမ်း၌အဆုံး သတ်သည်။-
15. ထိုနယ်မြေတွင်ကတ္တတ်မြို့၊ နဟာလာလမြို့၊ ရှိမရုန်မြို့၊ ဣဒလမြို့၊ ဗက်လင်မြို့စသော မြို့ကြီးတစ်ဆယ့်နှစ်မြို့နှင့်ယင်းတို့၏ ပတ်ဝန်းကျင်ရှိမြို့များပါဝင်သည်။-
16. ဤမြို့ကြီးများနှင့်ပတ်ဝန်းကျင်ရှိမြို့ များသည်ဇာဗုလုန်အနွယ်မိသားစုတို့ ပိုင်သောနယ်မြေအတွင်း၌တည်ရှိလေ သည်။
17. စတုတ္ထအကြိမ်မဲချ ၍ခွဲဝေပေးသောအခါဣသခါအနွယ် မိသားစုတို့နယ်မြေရရှိကြ၏။-