20. ယော်ဒန်မြစ်သည်နယ်မြေ၏အရှေ့ဘက်နယ် နိမိတ်ဖြစ်သည်။ အထက်ဖော်ပြပါနယ်နိမိတ် သည်ဗင်္ယာမိန်အနွယ်ဝင်မိသားစုတို့ပိုင် သောနယ်မြေ၏နယ်နိမိတ်ဖြစ်သည်။
21. ဗင်္ယာမိန်အနွယ်မိသားစုတို့၏နယ်မြေ အတွင်းရှိမြို့များမှာ ယေရိခေါမြို့၊ ဗေသောဂလမြို့၊ ဧမက္ကေဇဇ်မြို့၊-
22. ဗေသရာဗမြို့၊ ဇေမရိမ်မြို့၊ ဗေသလမြို့၊-
23. အာဝိမ်မြို့၊ ပါရမြို့၊ သြဖရာမြို့၊-
24. ခေဖာဟာမောနဲမြို့၊ သြဖနိမြို့၊ ဂါဘမြို့ စသောမြို့ကြီးတစ်ဆယ်နှစ်မြို့နှင့်ယင်းတို့ ၏ပတ်ဝန်းကျင်ရှိမြို့များဖြစ်သည်။-
25-27. ထို့အပြင်ဂိဗောင်မြို့၊ ရာမမြို့၊ ဗေရုတ်မြို့၊- မိဇပါမြို့၊ ခေဖိရမြို့၊ မောဇမြို့၊- ရေကင် မြို့၊ ဣရပေလမြို့၊ တာရလမြို့၊-
28. ဇေလမြို့၊ ဧလပ်မြို့၊ ယေဗုသိမြို့၊(သို့မ ဟုတ်ယေရုရှလင်မြို့၊) ဂိဗတ်မြို့၊ ကိရယတ် ယာရိမ်မြို့စသောမြို့ကြီးတစ်ဆယ်လေး မြို့နှင့်ယင်းတို့၏ပတ်ဝန်းကျင်ရှိမြို့များ လည်းပါဝင်သည်။ ဤနယ်မြေသည်ဗင်္ယာမိန် အနွယ်မိသားစုတို့ပိုင်သောနယ်မြေဖြစ် သည်။