ယော​ရှု 18:14-17 Common Language Bible (BCL)

14. ထို​နောက်​နယ်​နိ​မိတ်​သည်​ထို​တောင်​အ​နောက် ဘက်​မှ​ယု​ဒ​အ​နွယ်​ပိုင်​သော​ကိ​ရ​ယတ် ဗာ​လ​မြို့(သို့​မ​ဟုတ်​ကိ​ရ​ယ​ယာ​ရိမ်​မြို့) အ​ထိ​တောင်​ဘက်​သို့​ဆင်း​လာ​သည်။ ဤ သည်​ကား​အ​နောက်​ဘက်​နယ်​နိ​မိတ်​ဖြစ်​၏။-

15. တောင်​ဘက်​နယ်​နိ​မိတ်​သည်​ကိ​ရ​ယတ် ယာ​ရိမ်​မြို့​စွန်​မှ​အ​စ​ပြု​၍ နေ​ဖ​တော စမ်း​ရေ​တွင်း​များ​သို့​ရောက်​သည်။-

16. ထို​နောက်​ရေ​ဖိမ်​ချိုင့်​ဝှမ်း​မြောက်​ဘက်​ရှိ​ဟိန္နုံ ချိုင့်​ဝှမ်း​အ​နီး​တောင်​ခြေ​သို့​ရောက်​သည်။ တစ် ဖန်​ယေ​ဗု​သိ​တောင်​တန်း​တောင်​ဘက်​ရှိ​ဟိန္နုံ ချိုင့်​ဝှမ်း​ကို​ဖြတ်​၍​တောင်​ဘက်​အင်္ရော ဂေ​လ​ရွာ​သို့​ရောက်​သည်။-

17. ထို​မှ​တစ်​ဖန်​မြောက်​ဘက်​အင်​ရှေ​မက်​ရွာ​သို့ ကွေ့​ပြီး​လျှင် အ​ဒုမ္မိမ်​တောင်​ကြား​တစ်​ဘက် တွင်​ရှိ​သော​ဂေ​လိ​လုတ်​ရွာ​သို့​ရောက်​သည်။ ထို​နောက်​ဗောဟန်​၏​ကျောက်(ဗော​ဟန်​သည်​ရုဗင် ၏​သား​ဖြစ်​၏) သို့​ဆင်း​လာ​ပြီး​လျှင်၊-

ယော​ရှု 18