10. ယောရှုသည်လည်းထာဝရဘုရား၏ အလိုတော်အတိုင်းဖြစ်စေရန်မဲချ ၍ဣသရေလအနွယ်တို့အားနယ်မြေ များကိုခွဲဝေပေးလေသည်။
11. ဗင်္ယာမိန်အနွယ်မိသားစုတို့ရရှိမည့်နယ် မြေကိုဦးစွာသတ်မှတ်ပေးလေသည်။ သူတို့ အတွက်နယ်မြေသည်ယုဒအနွယ်နှင့် ယော သပ်အနွယ်တို့၏နယ်မြေများစပ်ကြား တွင်တည်ရှိသည်။-
12. သူတို့၏နယ်မြေမြောက်ဘက်နယ်နိမိတ်သည် ယော်ဒန်မြစ်တွင်အစပြု၍ ယေရိခေါမြို့ မြောက်ဘက်ရှိတောင်စောင်းသို့တက်ပြီးလျှင် အနောက်သို့ဗေသဝင်တောကန္တာရတိုင် အောင်တောင်ကုန်းဒေသကိုဖြတ်သန်း သွားလေသည်။-
13. တစ်ဖန်လုဇမြို့(ဗေသလမြို့ဟူ၍လည်း ခေါ်တွင်သည်) တောင်ဘက်ရှိတောင်စောင်းသို့ တက်ပြီးလျှင်အောက်ဗက်ဟောရုန်မြို့တောင် ဘက်၊ တောင်ပေါ်ရှိအတရုတ်အဒ္ဒါမြို့သို့ ရောက်သည်။-
14. ထိုနောက်နယ်နိမိတ်သည်ထိုတောင်အနောက် ဘက်မှယုဒအနွယ်ပိုင်သောကိရယတ် ဗာလမြို့(သို့မဟုတ်ကိရယယာရိမ်မြို့) အထိတောင်ဘက်သို့ဆင်းလာသည်။ ဤ သည်ကားအနောက်ဘက်နယ်နိမိတ်ဖြစ်၏။-
15. တောင်ဘက်နယ်နိမိတ်သည်ကိရယတ် ယာရိမ်မြို့စွန်မှအစပြု၍ နေဖတော စမ်းရေတွင်းများသို့ရောက်သည်။-
16. ထိုနောက်ရေဖိမ်ချိုင့်ဝှမ်းမြောက်ဘက်ရှိဟိန္နုံ ချိုင့်ဝှမ်းအနီးတောင်ခြေသို့ရောက်သည်။ တစ် ဖန်ယေဗုသိတောင်တန်းတောင်ဘက်ရှိဟိန္နုံ ချိုင့်ဝှမ်းကိုဖြတ်၍တောင်ဘက်အင်္ရော ဂေလရွာသို့ရောက်သည်။-
17. ထိုမှတစ်ဖန်မြောက်ဘက်အင်ရှေမက်ရွာသို့ ကွေ့ပြီးလျှင် အဒုမ္မိမ်တောင်ကြားတစ်ဘက် တွင်ရှိသောဂေလိလုတ်ရွာသို့ရောက်သည်။ ထိုနောက်ဗောဟန်၏ကျောက်(ဗောဟန်သည်ရုဗင် ၏သားဖြစ်၏) သို့ဆင်းလာပြီးလျှင်၊-
18-19. ယော်ဒန်မြစ်ဝှမ်းအနီးရှိတောင်တန်းမြောက် ဘက်မှဖြတ်သွားသည်။ တစ်ဖန်ဗက်ဟောဂလ တောင်တန်းမြောက်ဘက်မှဖြတ်၍မြစ်ဝှမ်းထဲ သို့ဆင်းလာပြီးလျှင် ပင်လယ်သေမြောက်ဘက် ယော်ဒန်မြစ်ဝ၌အဆုံးသတ်သည်။ ဤသည် ကားတောင်ဘက်နယ်နိမိတ်ဖြစ်၏။-
20. ယော်ဒန်မြစ်သည်နယ်မြေ၏အရှေ့ဘက်နယ် နိမိတ်ဖြစ်သည်။ အထက်ဖော်ပြပါနယ်နိမိတ် သည်ဗင်္ယာမိန်အနွယ်ဝင်မိသားစုတို့ပိုင် သောနယ်မြေ၏နယ်နိမိတ်ဖြစ်သည်။
21. ဗင်္ယာမိန်အနွယ်မိသားစုတို့၏နယ်မြေ အတွင်းရှိမြို့များမှာ ယေရိခေါမြို့၊ ဗေသောဂလမြို့၊ ဧမက္ကေဇဇ်မြို့၊-
22. ဗေသရာဗမြို့၊ ဇေမရိမ်မြို့၊ ဗေသလမြို့၊-
23. အာဝိမ်မြို့၊ ပါရမြို့၊ သြဖရာမြို့၊-
24. ခေဖာဟာမောနဲမြို့၊ သြဖနိမြို့၊ ဂါဘမြို့ စသောမြို့ကြီးတစ်ဆယ်နှစ်မြို့နှင့်ယင်းတို့ ၏ပတ်ဝန်းကျင်ရှိမြို့များဖြစ်သည်။-