ယော​ရှု 18:1-8 Common Language Bible (BCL)

1. တစ်​ပြည်​လုံး​ကို​တိုက်​ခိုက်​အောင်​မြင်​ပြီး သည်​နောက်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ရှိ​လော​မြို့​သို့​စု​ဝေး​ရောက်​ရှိ​လာ​ပြီး​လျှင် ထာ​ဝ​ရ​ဘု​ရား​ကိန်း​ဝပ်​တော်​မူ​ရာ​တဲ တော်​ကို​တည်​ဆောက်​ကြ​၏။-

2. ဣ​သ​ရေ​လ​အ​နွယ်​တို့​အား​နယ်​မြေ​ခွဲ​ဝေ ၍​မ​ပေး​ရ​သေး​ချေ။-

3. သို့​ဖြစ်​၍​ယော​ရှု​က​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​အား``သင်​တို့​ဘိုး​ဘေး​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​က​သင်​တို့​ကို ပေး တော်​မူ​သော​ပြည်​ကို​မ​သိမ်း​ယူ​ဘဲ​အ​ဘယ် မျှ​ကြာ​အောင်​စောင့်​ဆိုင်း​နေ​ကြ​ပါ​မည်​နည်း။-

4. သင်​တို့​၏​အ​နွယ်​တစ်​နွယ်​လျှင်​သုံး​ယောက် ကျ​ရွေး​ချယ်​၍​ငါ့​ထံ​သို့​ခေါ်​ဆောင်​ခဲ့​လော့။ ထို​သူ​တို့​သည်​မိ​မိ​တို့​အ​တွက် နှစ်​သက်​ရာ နယ်​မြေ​ကို​ပိုင်း​ခြား​သတ်​မှတ်​ပေး​ရန်​သူ တို့​အား​တစ်​ပြည်​လုံး​သို့​ငါ​စေ​လွှတ်​မည်။ သူ​တို့​သည်​ယင်း​သို့​နယ်​မြေ​တို့​ကို​သတ်​မှတ် ပေး​ပြီး​သော​အ​ခါ ငါ့​ထံ​သို့​ပြန်​လာ​ရ ကြ​မည်။-

5. ထို​ပြည်​ကို​ခု​နစ်​ပိုင်း​ပိုင်း​ခြား​ရ​မည်။ ယု​ဒ အ​နွယ်​ဝင်​တို့​သည်​မိ​မိ​တို့​၏​တောင်​ဘက်​နယ် မြေ​၌​လည်း​ကောင်း၊ ယော​သပ်​အ​နွယ်​ဝင်​တို့ သည်​မိ​မိ​တို့​၏​မြောက်​ဘက်​နယ်​မြေ​၌​လည်း ကောင်း​နေ​ထိုင်​ရ​ကြ​မည်။-

6. နယ်​မြေ​ခုနစ်​ပိုင်း​တို့​ကို​ပိုင်း​ခြား​ရေး​သား ၍​ငါ့​ထံ​သို့​တင်​သွင်း​လော့။ ထို​နောက်​ငါ​သည် ငါ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​၏ အ​လို​တော်​အ​တိုင်း​ဖြစ်​စေ​ခြင်း​ငှာ​မဲ​ချ ၍​ခွဲ​ဝေ​ပေး​မည်။-

7. လေ​ဝိ​အ​နွယ်​ဝင်​တို့​သည်​ထာ​ဝ​ရ​ဘု​ရား ၏​ယဇ်​ပု​ရော​ဟိတ်​များ​အ​ဖြစ်​အ​မှု​တော် ထမ်း​ဆောင်​ရ​ကြ​မည်​ဖြစ်​သော​ကြောင့် သင် တို့​ကဲ့​သို့​နယ်​မြေ​ဝေ​စု​ရ​မည်​မ​ဟုတ်။ ဂဒ် အ​နွယ်၊ ရု​ဗင်​အ​နွယ်​နှင့်​အ​ရှေ့​မ​နာ​ရှေ အ​နွယ်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​၏​အ​စေ ခံ​မော​ရှေ​ခွဲ​ဝေ​ပေး​ခဲ့​သည့်​အ​တိုင်း ယော်​ဒန် မြစ်​အ​ရှေ့​ဘက်​ရှိ​နယ်​မြေ​ကို​ရ​ရှိ​ကြ​ပြီ'' ဟု​ဆို​လေ​၏။

8. ယော​ရှု​စေ​ခိုင်း​သည့်​အ​တိုင်း​ထို​သူ​တို့ သည်​နယ်​မြေ​ကို​သတ်​မှတ်​ရန်​ထွက်​သွား​ကြ ၏။ ယော​ရှု​က``သင်​တို့​သည်​တိုင်း​ပြည်​တစ် လျှောက်​လုံး​သို့​သွား​၍​နယ်​မြေ​များ​ကို​ပိုင်း ခြား​သတ်​မှတ်​လော့။ ထို​နောက်​ငါ့​ထံ​သို့​ပြန် လာ​ရ​မည်။ ထို​အ​ခါ​ငါ​သည်​ဤ​ရှိ​လော​မြို့ တွင်​သင်​တို့​ရ​ရှိ​မည့်​နယ်​မြေ​များ​ကို ထာ​ဝ​ရ​ဘု​ရား​၏​အ​လို​တော်​အ​တိုင်း ဖြစ်​စေ​ရန်​မဲ​ချ ၍​ခွဲ​ဝေ​ပေး​မည်'' ဟု​မှာ​ကြား​လိုက်​၏။-

18-19. ယော်​ဒန်​မြစ်​ဝှမ်း​အ​နီး​ရှိ​တောင်​တန်း​မြောက် ဘက်​မှ​ဖြတ်​သွား​သည်။ တစ်​ဖန်​ဗက်​ဟော​ဂ​လ တောင်​တန်း​မြောက်​ဘက်​မှ​ဖြတ်​၍​မြစ်​ဝှမ်း​ထဲ သို့​ဆင်း​လာ​ပြီး​လျှင် ပင်​လယ်​သေ​မြောက်​ဘက် ယော်​ဒန်​မြစ်​ဝ​၌​အ​ဆုံး​သတ်​သည်။ ဤ​သည် ကား​တောင်​ဘက်​နယ်​နိ​မိတ်​ဖြစ်​၏။-

25-27. ထို့​အ​ပြင်​ဂိ​ဗောင်​မြို့၊ ရာ​မ​မြို့၊ ဗေ​ရုတ်​မြို့၊- မိ​ဇ​ပါ​မြို့၊ ခေ​ဖိ​ရ​မြို့၊ မော​ဇ​မြို့၊- ရေ​ကင် မြို့၊ ဣ​ရ​ပေ​လ​မြို့၊ တာ​ရ​လ​မြို့၊-

ယော​ရှု 18