ယော​ရှု 17:8-18 Common Language Bible (BCL)

8. အင်​တာ​ပွာ​မြို့​သည်​မ​နာ​ရှေ​ပိုင်​နယ်​မြေ အ​တွင်း​ပါ​ရှိ​သော်​လည်း မြို့​ပတ်​လည်​တွင် တည်​ရှိ​သော​မြေ​မူ​ကား​ဧ​ဖ​ရိမ်​နယ်​မြေ အ​တွင်း​၌​ရှိ​၏။-

9. ထို​နောက်​နယ်​နိ​မိတ်​သည်​ကာန​ချောင်း​ဘက် သို့​ဆင်း​လာ​သည်။ ထို​ချောင်း​တောင်​ဘက်​ရှိ မြို့​များ​သည်​မ​နာ​ရှေ​ပိုင်​နယ်​မြေ​အ​တွင်း ၌​တည်​ရှိ​သော်​လည်း ဧ​ဖ​ရိမ်​အ​နွယ်​က​ပိုင် သည်။ မ​နာ​ရှေ​နယ်​မြေ​နယ်​နိ​မိတ်​သည်​ကာ​န ချောင်း​မြောက်​ဘက်​တစ်​လျှောက်​သွား​ပြီး​လျှင် မြေ​ထဲ​ပင်​လယ်​တွင်​အ​ဆုံး​သတ်​သည်။-

10. ဧ​ဖ​ရိမ်​နယ်​မြေ​သည်​ချောင်း​တောင်​ဘက်​တွင် တည်​ရှိ​၍ မ​နာ​ရှေ​နယ်​မြေ​သည်​ချောင်း​မြောက် ဘက်​တွင်​တည်​ရှိ​၏။ မြေ​ထဲ​ပင်​လယ်​သည်​ထို နယ်​မြေ​နှစ်​ခု​၏​အ​နောက်​နယ်​နိ​မိတ်​ဖြစ် သည်။ အ​နောက်​မြောက်​ဘက်​တွင်​အာ​ရှာ​နယ် မြေ​တည်​ရှိ​၍​အ​ရှေ့​မြောက်​ဘက်​တွင် ဣ​သ​ခါ​နယ်​မြေ​တည်​ရှိ​လေ​သည်။-

11. မ​နာ​ရှေ​အ​နွယ်​သည်​ဣ​သ​ခါ​နှင့်​အာ​ရှာ နယ်​မြေ​များ​အ​တွင်း​၌​တည်​ရှိ​သော​ဗက်​ရှန် မြို့၊ ဣ​ဗ​လံ​မြို့​နှင့်​ပတ်​ဝန်း​ကျင်​ရှိ​မြို့​များ အ​ပြင်​ဒေါ​ရ​မြို့(ပင်​လယ်​ကမ်း​ခြေ​တွင်​တည် ရှိ​သည်) အင်္ဒေါ​ရ​မြို့၊ တာ​နက်​မြို့၊ မေ​ဂိဒ္ဒေါ​မြို့ နှင့်​ပတ်​ဝန်း​ကျင်​ရှိ​မြို့​များ​ကို​ပိုင်​လေ​သည်။-

12. မ​နာ​ရှေ​အ​နွယ်​သည်​ထို​မြို့​များ​တွင်​နေ ထိုင်​သော​ခါ​နာန်​အ​မျိုး​သား​တို့​ကို​မ​နှင် ထုတ်​နိုင်​သ​ဖြင့် သူ​တို့​သည်​ထို​အ​ရပ် များ​တွင်​ဆက်​လက်​နေ​ထိုင်​ကြ​သည်။-

13. ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​အင်​အား ကြီး​လာ​သော်​လည်း ခါ​နာန်​အ​မျိုး​သား အား​လုံး​တို့​ကို​မ​နှင်​ထုတ်​ဘဲ​မိ​မိ​တို့ ထံ​၌​အ​စေ​ခံ​စေ​ကြ​၏။

14. ယော​သပ်​၏​အ​ဆက်​အ​နွယ်​ဝင်​တို့​က ယော​ရှု အား``ထာ​ဝ​ရ​ဘု​ရား​သည်​အ​ကျွန်ုပ်​တို့​အား ကောင်း​ချီး​မင်္ဂလာ​ချ​ပေး​တော်​မူ​သ​ဖြင့် လူ ဦး​ရေ​အ​လွန်​များ​ပြား​လာ​ပါ​သည်။ ကိုယ် တော်​သည်​အ​ဘယ်​ကြောင့်​အ​ကျွန်ုပ်​တို့​အား မြေ​ဝေ​စု​တစ်​စု​တည်း​ကို​သာ​ပေး​ပါ​သ နည်း'' ဟု​မေး​လျှောက်​ကြ​၏။

15. ယော​ရှု​က``သင်​တို့​တွင်​လူ​ဦး​ရေ​တိုး​ပွား များ​ပြား​သ​ဖြင့် ဧ​ဖ​ရိမ်​အ​တွက်​ပေး​သော တောင်​ကုန်း​ဒေ​သ​သည်​ကျဉ်း​မြောင်း​လျှင် ဖေ​ရ​ဇိ​နှင့်​ရေ​ဖိမ်​အ​မျိုး​သား​များ​နေ ထိုင်​ရာ​အ​ရပ်​ရှိ​တော​များ​ကို​ခုတ်​ထွင်​၍ နေ​ထိုင်​ကြ​လော့'' ဟု​ပြန်​ဖြေ​၏။

16. ထို​အ​ခါ​သူ​တို့​က``တောင်​ကုန်း​ဒေ​သ​သည် အ​ကျွန်ုပ်​တို့​နေ​ထိုင်​ရန်​အ​တွက်​ကျဉ်း​မြောင်း ပါ​သည်။ ဗက်​ရှန်​နှင့်​ပတ်​ဝန်း​ကျင်​မြို့​များ အ​နီး​ရှိ​မြေ​ပြန့်​၌​လည်း​ကောင်း၊ ယေ​ဇ​ရေ လ​ချိုင့်​ဝှမ်း​၌​လည်း​ကောင်း​နေ​ထိုင်​သော ခါ​နာန်​အ​မျိုး​သား​များ​တွင်​သံ​စစ်​ရ​ထား များ​ရှိ​ကြ​ပါ​သည်'' ဟု​လျှောက်​ဆို​ကြ​၏။

17. ယော​ရှု​က​ဧ​ဖ​ရိမ်​နှင့် အ​နောက်​မ​နာ​ရှေ အ​နွယ်​ဝင်​တို့​အား``သင်​တို့​သည်​စင်​စစ် အား​ဖြင့်​လူ​ဦး​ရေ​များ​ပြား​၍​ခွန်​အား ကြီး​ကြ​၏။ သို့​ဖြစ်​၍​သင်​တို့​သည်​ဝေ​စု တစ်​စု​ထပ်​မံ​၍​ရ​စေ​မည်။-

18. တောင်​ကုန်း​ဒေ​သ​ကို​သင်​တို့​အား​ပေး​မည်။ ထို​ဒေ​သ​သည်​သစ်​တော​ဖြစ်​သော်​လည်း သင် တို့​သည်​တော​ကို​ခုတ်​ထွင်​၍​တစ်​စွန်း​မှ​တစ် စွန်း​အ​ထိ​နေ​ထိုင်​လော့။ ခါ​နာန်​အ​မျိုး​သား တို့​တွင်​သံ​စစ်​ရ​ထား​များ​ရှိ​၍​အင်​အား ကောင်း​သော်​လည်း​သင်​တို့​သည်​သူ​တို့​ကို နှင်​ထုတ်​နိုင်​ကြ​လိမ့်​မည်'' ဟု​ပြော​ဆို​၏။

ယော​ရှု 17