10. ဧဖရိမ်နယ်မြေသည်ချောင်းတောင်ဘက်တွင် တည်ရှိ၍ မနာရှေနယ်မြေသည်ချောင်းမြောက် ဘက်တွင်တည်ရှိ၏။ မြေထဲပင်လယ်သည်ထို နယ်မြေနှစ်ခု၏အနောက်နယ်နိမိတ်ဖြစ် သည်။ အနောက်မြောက်ဘက်တွင်အာရှာနယ် မြေတည်ရှိ၍အရှေ့မြောက်ဘက်တွင် ဣသခါနယ်မြေတည်ရှိလေသည်။-
11. မနာရှေအနွယ်သည်ဣသခါနှင့်အာရှာ နယ်မြေများအတွင်း၌တည်ရှိသောဗက်ရှန် မြို့၊ ဣဗလံမြို့နှင့်ပတ်ဝန်းကျင်ရှိမြို့များ အပြင်ဒေါရမြို့(ပင်လယ်ကမ်းခြေတွင်တည် ရှိသည်) အင်္ဒေါရမြို့၊ တာနက်မြို့၊ မေဂိဒ္ဒေါမြို့ နှင့်ပတ်ဝန်းကျင်ရှိမြို့များကိုပိုင်လေသည်။-
12. မနာရှေအနွယ်သည်ထိုမြို့များတွင်နေ ထိုင်သောခါနာန်အမျိုးသားတို့ကိုမနှင် ထုတ်နိုင်သဖြင့် သူတို့သည်ထိုအရပ် များတွင်ဆက်လက်နေထိုင်ကြသည်။-