ယော​ရှု 17:1-8 Common Language Bible (BCL)

1. ယော​သပ်​၏​သား​ဦး​ဖြစ်​သော​မ​နာ​ရှေ​၏ အ​ဆက်​အ​နွယ်​မိ​သား​စု​အ​ချို့​တို့​သည် လည်း ယော်​ဒန်​မြစ်​အ​နောက်​ဘက်​ရှိ​နယ်​မြေ တစ်​စိတ်​တစ်​ဒေ​သ​ကို​အ​ပိုင်​ရ​ရှိ​ကြ​လေ သည်။ ဂိ​လဒ်​၏​ဖ​ခင်​မာ​ခိ​ရ​သည်​မ​နာ​ရှေ ၏​သား​ဦး​ဖြစ်​သည်။ စစ်​သူ​ရဲ​ကောင်း​လည်း ဖြစ်​သည်။ သို့​ဖြစ်​၍​သူ​သည်​ယော်​ဒန်​မြစ် အ​ရှေ့​ဘက်​ရှိ​ဂိ​လဒ်​နယ်​နှင့်​ဗာ​ရှန်​နယ် တို့​ကို​ရ​ရှိ​သည်။-

2. ယော်​ဒန်​မြစ်​အ​နောက်​ဘက်​နယ်​မြေ​ကို​မ​နာ ရှေ​မှ​ဆင်း​သက်​သော​ကျန်​မိ​သား​စု​များ​ရ ရှိ​ကြ​သည်။ ယင်း​မိ​သား​စု​တို့​မှာ​အ​ဗျေ​ဇာ မိ​သား​စု၊ ဟေ​လက်​မိ​သား​စု၊ အ​သ​ရေ​လ မိ​သား​စု၊ ရှေ​ခင်​မိ​သား​စု၊ ဟေ​ဖာ​မိ​သား စု​နှင့်​ရှ​မိ​ဒ​မိ​သား​စု​တို့​ဖြစ်​ကြ​သည်။-

3. မ​နာ​ရှေ​၏​တီ၊ မာ​ခိ​ရ​၏​မြစ်၊ ဂိ​လဒ်​၏​မြေး၊ ဟေ​ဖာ​၏​သား၊ ဇ​လော​ဖဒ်​တွင်​သား​ယောကျာ်း မ​ရှိ၊ သ​မီး​များ​သာ​ရှိ​သည်။ ထို​သ​မီး​တို့ ၏​နာ​မည်​များ​မှာ​မာ​လာ၊ နော​အာ၊ ဟော ဂ​လာ၊ မိ​လ​ကာ​နှင့်​တိ​ရ​ဇာ​ဟူ​၍​ဖြစ်​၏။-

4. သူ​တို့​သည်​ယဇ်​ပု​ရော​ဟိတ်​ဧ​လာ​ဇာ၊ နုန်​၏ သား​ယော​ရှု​နှင့်​ခေါင်း​ဆောင်​တို့​ထံ​သို့​ချဉ်း ကပ်​၍``ကျွန်​မ​တို့​အား​လည်း​ကောင်း၊ ကျွန်​မ တို့​၏​ဆွေ​မျိုး​သား​ချင်း​ဖြစ်​သူ​အ​မျိုး​သား တို့​အား​လည်း​ကောင်း ပိုင်​ဆိုင်​ရန်​မြေ​ပေး​ရ မည်​ဟု​ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​ကို မိန့်​မှာ​ခဲ့​ပါ​သည်'' ဟု​လျှောက်​ထား​သ​ဖြင့် ထာ​ဝ​ရ​ဘု​ရား​မိန့်​မှာ​တော်​မူ​သည့်​အ​တိုင်း သူ​တို့​သည်​သူ​တို့​၏​ဆွေ​မျိုး​သား​ချင်း​ဖြစ် သူ​အ​မျိုး​သား​များ​နည်း​တူ​မြေ​ကို​ရ​ရှိ ကြ​သည်။-

5. သို့​ဖြစ်​၍​မ​နာ​ရှေ​အ​နွယ်​သည်​ယော်​ဒန်​မြစ် အ​ရှေ့​ဘက်​တွင် ဂိ​လဒ်​နယ်​နှင့်​ဗာ​ရှန်​နယ် များ​အ​ပြင်​ဝေ​စု​ဆယ်​စု​ကို​ရ​ရှိ​လေ​သည်။

6. မ​နာ​ရှေ​အ​နွယ်​အ​မျိုး​သ​မီး​နှင့် အ​မျိုး​သား များ​ပါ​နယ်​မြေ​များ​ကို​ရ​ရှိ​ကြ​သ​ဖြင့် ကျန် ရှိ​သော​အ​ခြား​မ​နာ​ရှေ​အ​ဆက်​အ​နွယ်​တို့ သည်​ဂိ​လဒ်​နယ်​ကို​ရ​ရှိ​ကြ​လေ​သည်။

7. မ​နာ​ရှေ​နယ်​မြေ​၏​နယ်​နိ​မိတ်​သည်​အာ​ရှာ နယ်​မြေ​မှ ရှေ​ခင်​မြို့​အ​ရှေ့​တွင်​တည်​ရှိ​သော မိတ်​မေ​သ​မြို့​အ​ထိ​ရောက်​သည်။ ထို​နောက် နယ်​နိ​မိတ်​သည်​တောင်​ဘက်​သို့​ဖြတ်​သွား ရာ​အင်​တာ​ပွာ​မြို့​တွင် နေ​ထိုင်​သူ​များ​လည်း ပါ​ဝင်​လေ​သည်။-

8. အင်​တာ​ပွာ​မြို့​သည်​မ​နာ​ရှေ​ပိုင်​နယ်​မြေ အ​တွင်း​ပါ​ရှိ​သော်​လည်း မြို့​ပတ်​လည်​တွင် တည်​ရှိ​သော​မြေ​မူ​ကား​ဧ​ဖ​ရိမ်​နယ်​မြေ အ​တွင်း​၌​ရှိ​၏။-

ယော​ရှု 17