ယော​ရှု 16:6-10 Common Language Bible (BCL)

6. မြေ​ထဲ​ပင်​လယ်​သို့​ရောက်​သည်။ မြောက်​ဘက် တွင်​မိတ်​မေ​သ​မြို့​တည်​ရှိ​သည်။ ထို​ဒေ​သ အ​ရှေ့​ဘက်​မှ​နယ်​နိ​မိတ်​သည်​တာ​နတ်​ရှိ လော​မြို့​သို့​ကွေ့​ဝင်​ပြီး​လျှင်​မြို့​အ​ရှေ့​မှ ဖြတ်​၍​ယ​နော​ဟ​မြို့​သို့​ရောက်​သည်။-

7. ထို​နောက်​ယ​နော​ဟ​မြို့​မှ​အ​တ​ရုတ်​မြို့ နှင့်​နာ​ရတ်​မြို့​များ​ဘက်​သို့​ဆင်း​လာ​ပြီး နောက် ယေ​ရိ​ခေါ​မြို့​သို့​ရောက်​၍​ယော်​ဒန် မြစ်​တွင်​အ​ဆုံး​သတ်​သည်။-

8. တစ်​ဖန်​နယ်​နိ​မိတ်​သည်​တာ​ပွာ​မြို့​မှ​အ​နောက် ဘက်​ကာ​န​ချောင်း​သို့​ရောက်​၍ မြေ​ထဲ​ပင်​လယ် တွင်​အ​ဆုံး​သတ်​သည်။ ဤ​နယ်​မြေ​ကို​ဧ​ဖ​ရိမ် အ​နွယ်​မိ​သား​စု​များ​က​အ​ပိုင်​ရ​ရှိ​ကြ သည်။-

9. ထို့​အ​ပြင်​မ​နာ​ရှေ​ပိုင်​နယ်​မြေ​ထဲ​မှ​မြို့ ရွာ​အ​ချို့​တို့​ကို​လည်း​အ​ပိုင်​ရ​ရှိ​ကြ သည်။-

10. သို့​ရာ​တွင်​သူ​တို့​သည်​ဂေ​ဇာ​မြို့​တွင်​နေ​ထိုင် သော​ခါ​နာန်​အ​မျိုး​သား​တို့​ကို​မ​နှင်​ထုတ် ဘဲ မိ​မိ​တို့​ထံ​တွင်​ကျွန်​အ​ဖြစ်​ဖြင့်​နေ​ထိုင် စေ​ကြ​သည်။

ယော​ရှု 16