ယော​ရှု 16:4-7 Common Language Bible (BCL)

4. ယော​သပ်​၏​အ​ဆက်​အ​နွယ်​များ​ဖြစ်​ကြ သော​ဧ​ဖ​ရိမ်​အ​နွယ်​နှင့် အ​နောက်​မ​နာ​ရှေ အ​နွယ်​တို့​သည်​ဖော်​ပြ​ပါ​နယ်​မြေ​ကို အ​ပိုင်​ရ​ရှိ​ကြ​လေ​သည်။

5. ဧ​ဖ​ရိမ်​အ​နွယ်​မိ​သား​စု​တို့​အ​တွက်​ခွဲ​ဝေ ပေး​သော နယ်​မြေ​၏​နယ်​နိ​မိတ်​မှာ​အောက်​ပါ အ​တိုင်း​ဖြစ်​သည်။ အ​ရှေ့​ဘက်​နယ်​နိ​မိတ်​သည် အ​တ​ရုတ်​အဒ္ဒါ​မြို့​မှ​အ​စ​ပြု​၍ အ​ရှေ့​ဘက် ရှိ​အ​ထက်​ဗက်​ဟော​ရုန်​မြို့​ကို​ဖြတ်​၍၊-

6. မြေ​ထဲ​ပင်​လယ်​သို့​ရောက်​သည်။ မြောက်​ဘက် တွင်​မိတ်​မေ​သ​မြို့​တည်​ရှိ​သည်။ ထို​ဒေ​သ အ​ရှေ့​ဘက်​မှ​နယ်​နိ​မိတ်​သည်​တာ​နတ်​ရှိ လော​မြို့​သို့​ကွေ့​ဝင်​ပြီး​လျှင်​မြို့​အ​ရှေ့​မှ ဖြတ်​၍​ယ​နော​ဟ​မြို့​သို့​ရောက်​သည်။-

7. ထို​နောက်​ယ​နော​ဟ​မြို့​မှ​အ​တ​ရုတ်​မြို့ နှင့်​နာ​ရတ်​မြို့​များ​ဘက်​သို့​ဆင်း​လာ​ပြီး နောက် ယေ​ရိ​ခေါ​မြို့​သို့​ရောက်​၍​ယော်​ဒန် မြစ်​တွင်​အ​ဆုံး​သတ်​သည်။-

ယော​ရှု 16