ယော​ရှု 15:8-32 Common Language Bible (BCL)

8. ယေ​ဗု​သိ​အ​မျိုး​သား​တို့​၏​မြို့​ဖြစ်​သော ယေ​ရု​ရှ​လင်​မြို့​တည်​ရာ တောင်​ကုန်း​တောင် ဘက်​ရှိ​ဟိန္နုန်​ချိုင့်​ဝှမ်း​အ​နောက်​ဘက်​တောင် ကုန်း​ကို​ကျော်​ဖြတ်​သွား​၏။-

9. ထို​မှ​တစ်​ဖန်​နေ​ဖ​တော​စမ်း​ရေ​တွင်း​နှင့် ဧ​ဖ​ရုန်​တောင်​အ​နီး​ရှိ​မြို့​များ​ကို​ဖြတ် ၍​ဗာ​လာ(သို့​မ​ဟုတ်​ကိ​ရ​ယတ်​ယာ​ရိမ်​မြို့) သို့​ကွေ့​သွား​၏။-

10. ထို​မြို့​မှ​လှည့်​ပြီး​လျှင်​အ​နောက်​တောင်​ကုန်း ဒေ​သ​သို့​ရောက်​၍​ယာ​ရိမ်​တောင်(သို့​မ​ဟုတ် ခေ​သ​လုန်​တောင်) မြောက်​ဘက်​မှ​အောက်​ဘက် ရှိ​ဗက်​ရှေ​မက်​မြို့​သို့​ရောက်​ပြီး​နောက် တိ​မ​နာ​မြို့​ကို​ဖြတ်​၍​သွား​သည်။-

13. ထာ​ဝ​ရ​ဘု​ရား​မိန့်​မှာ​တော်​မူ​သည့်​အ​တိုင်း ယော​ရှု​သည် ယု​ဒ​အ​နွယ်​ဝင်​ယေ​ဖုန္နာ​၏​သား ကာ​လက်​အား​ယု​ဒ​အ​နွယ်​ပိုင်​နယ်​မြေ​မှ ဟေ​ဗြုန်​မြို့​ကို​ခွဲ​ဝေ​ပေး​လေ​သည်။ ဟေ​ဗြုန် မြို့​သည်​အာ​န​က​၏​ဖ​ခင်​အာဘ​၏​မြို့​ဖြစ် သည်။-

14. ကာ​လက်​သည်​အာ​န​က​၏​အ​ဆက်​အ​နွယ် များ​ဖြစ်​သော​ရှေ​ရှဲ​သား​ချင်း​စု၊ အ​ဟိ​မန် သား​ချင်း​စု​နှင့်​တာ​လ​မဲ​သား​ချင်း​စု​တို့ ကို​ထို​မြို့​မှ​နှင်​ထုတ်​လိုက်​၏။-

15. သူ​သည်​ထို​မြို့​မှ​တစ်​ဆင့်​ဒေ​ဗိ​ရ​မြို့​သို့ ချီ​တက်​တိုက်​ခိုက်​လေ​သည်။ (ယ​ခင်​က​ဒေ​ဗိ​ရ မြို့​သည်​ကိ​ရ​ယ​ဿေ​ဖာ​မြို့​ဟု​ခေါ်​တွင်​သည်။-)

16. ကာ​လက်​က``ကိ​ရ​ယ​ဿေ​ဖာ​မြို့​ကို​သိမ်း ယူ​နိုင်​သူ​အား​ငါ​၏​သ​မီး​အာ​ခ​သ​နှင့် ထိမ်း​မြား​ပေး​မည်'' ဟု​ဆို​လျှင်၊-

17. ကာ​လက်​၏​ညီ​ကေ​နတ်​၏​သား​သြ​သံ ယေ​လ​သည်​ထို​မြို့​ကို​သိမ်း​ယူ​နိုင်​သ​ဖြင့် သူ​၏​သ​မီး​အာ​ခ​သ​နှင့်​ထိမ်း​မြား​လက် ထပ်​ပေး​လေ​သည်။-

18. ထိမ်း​မြား​မင်္ဂ​လာ​နေ့​၌​သြ​သံ​ယေ​လ​သည် အာ​ခ​သ​အား​သူ​၏​ဖ​ခင်​ထံ​မှ​လယ်​တစ် ကွက်​တောင်း​ရန်​တိုက်​တွန်း​လေ​သည်။ အာ​ခ​သ သည်​မြည်း​ပေါ်​မှ​ဆင်း​လိုက်​၏။ ထို​အ​ခါ ကာ​လက်​က​သူ​၏​သ​မီး​အား``မည်​သည့် အ​ရာ​ကို​အ​လို​ရှိ​သ​နည်း'' ဟု​မေး​လျှင်-

19. သူ​က``ကိုယ်​တော်​လက်​ဖွဲ့​သော​မြေ​သည်​ခြောက် သွေ့​သော​အ​ရပ်​ဖြစ်​ပါ​သည်။ စမ်း​ရေ​တွင်း​များ ကို​လည်း​ပေး​ပါ'' ဟု​တောင်း​၏။ ထို​ကြောင့် ကာ​လက်​သည်​သူ​၏​သ​မီး​အား​အ​ထက်​စမ်း ရေ​တွင်း​နှင့်​အောက်​စမ်း​ရေ​တွင်း​များ​ကို​ပေး လေ​၏။

20. ယု​ဒ​အ​နွယ်​ဝင်​မိ​သား​စု​တို့​ပိုင်​ဆိုင်​သော နယ်​မြေ​သည်​ကား​ဤ​သို့​တည်း။-

21. ဧ​ဒုံ​ပြည်​နယ်​စပ်​အ​နီး​နယ်​မြေ​၏​တောင် ဘက်​စွန်း​တွင် သူ​တို့​ပိုင်​သည့်​မြို့​များ​မှာ​ကပ် ဇေ​လ​မြို့၊ ဧ​ဒေ​ရ​မြို့၊ ယာ​ဂု​ရ​မြို့၊-

25. ဟာ​ဇော်​ဟ​ဒတ္တာ​မြို့၊ ကဲ​ရိ​ယော​ဟေ​ဇ​ရုန်​မြို့ (သို့​မ​ဟုတ်​ဟာ​ဇော်​မြို့၊-)

32. လေ​ဗောက်​မြို့၊ ရှိ​လ​ဟိမ်​မြို့၊ အ​အိန်​မြို့​နှင့် ရိမ္မုန်​မြို့​စ​သော​မြို့​ကြီး​နှစ်​ဆယ့်​ကိုး​မြို့​နှင့် တ​ကွ​ပတ်​ဝန်း​ကျင်​ရှိ​ကျေး​ရွာ​များ​ဖြစ် သည်။

ယော​ရှု 15