ယော​ရှု 15:55-56-63 Common Language Bible (BCL)

6. ဗေ​သော​ဂ​လ​မြို့​သို့​လည်း​ကောင်း၊ ထို​မှ တစ်​ဖန်​ဗော​ဟန်​၏​ကျောက်(ဗော​ဟန်​သည် ရု​ဗင်​၏​သား​ဖြစ်​သည်) သို့​ရောက်​ပြီး​လျှင်၊-

7. ဒုက္ခ​ဟု​ခေါ်​သော​ချိုင့်​ဝှမ်း​မှ​ဒေဗိရ​မြို့​သို့​တက် သွား​၏။ ထို​နောက်​ချိုင့်​ဝှမ်း​တောင်​ဘက်​တွင်​ရှိ သော​အ​ဒုမ္မိမ်​တောင်​ကြား​နှင့်​မျက်​နှာ​ချင်း​ဆိုင် ဂိ​လ​ဂါ​လ​မြို့​ရှိ​ရာ​မြောက်​ဘက်​သို့​ကွေ့ သွား​၏။ ထို​နောက်​အင်​ရှေ​မက်​စမ်း​ရေ​တွင်း မှ​အင်္ရော​ဂေလ​မြို့​သို့​ရောက်​ပြီး​လျှင်၊-

8. ယေ​ဗု​သိ​အ​မျိုး​သား​တို့​၏​မြို့​ဖြစ်​သော ယေ​ရု​ရှ​လင်​မြို့​တည်​ရာ တောင်​ကုန်း​တောင် ဘက်​ရှိ​ဟိန္နုန်​ချိုင့်​ဝှမ်း​အ​နောက်​ဘက်​တောင် ကုန်း​ကို​ကျော်​ဖြတ်​သွား​၏။-

9. ထို​မှ​တစ်​ဖန်​နေ​ဖ​တော​စမ်း​ရေ​တွင်း​နှင့် ဧ​ဖ​ရုန်​တောင်​အ​နီး​ရှိ​မြို့​များ​ကို​ဖြတ် ၍​ဗာ​လာ(သို့​မ​ဟုတ်​ကိ​ရ​ယတ်​ယာ​ရိမ်​မြို့) သို့​ကွေ့​သွား​၏။-

55-56. ထို့​အ​ပြင်​မောင်​မြို့၊ က​ရ​မေ​လ​မြို့၊ ဇိ​ဖ​မြို့၊ ယုတ္တမြို့၊- ယေ​ဇ​ရေ​လ​မြို့၊ ယော​က​ဒံ​မြို့၊ ဇာ နော​မြို့၊-

57. ကာ​ဣ​န​မြို့၊ ဂိ​ဘာ​မြို့​နှင့်​တိ​မ​န​မြို့​စ သော​မြို့​ကြီး​ဆယ်​မြို့​နှင့်​တ​ကွ ပတ်​ဝန်း ကျင်​ရှိ​မြို့​ရွာ​များ​လည်း​ပါ​ဝင်​လေ​သည်။

58. ထို့​အ​ပြင်​ဟာ​လ​ဟု​လ​မြို့၊ ဗက်​ဇု​ရ​မြို့၊ ဂေ​ဒေါ်​မြို့၊

59. မာ​ရပ်​မြို့၊ ဗေ​သ​နုတ်​မြို့​နှင့်​ဧ​လ​တေ​ကုန် မြို့​စ​သော​မြို့​ကြီး​ခြောက်​မြို့​နှင့်​တ​ကွ ပတ်​ဝန်း​ကျင်​ရှိ​မြို့​ရွာ​များ​လည်း​ပါ​ဝင် လေ​သည်။

60. ထို့​အ​ပြင်​ကိ​ရ​ယတ်​ဗာ​လ​မြို့(သို့​မ​ဟုတ် ကိ​ရ​ယတ်​ယာ​ရိမ်​မြို့) နှင့်​ရဗ္ဗာ​မြို့​ဟူ​၍​မြို့ ကြီး​နှစ်​မြို့​နှင့်​တ​ကွ​ပတ်​ဝန်း​ကျင်​ရှိ​မြို့ ရွာ​များ​လည်း​ပါ​ဝင်​လေ​သည်။-

61. တော​ကန္တာ​ရ​ဒေ​သ​တွင်​ဗေ​သ​ရာ​ဗ​မြို့၊ မိဒ္ဒိန်​မြို့၊ သေ​ကာ​က​မြို့၊-

62. နိ​ဗ​ရှန်​မြို့၊ ဣ​ရ​မေ​လက်​မြို့​နှင့်​အင်္ဂေဒိ​မြို့ ဟူ​၍​မြို့​ကြီး​ခြောက်​မြို့​နှင့်​တ​ကွ​ပတ်​ဝန်း ကျင်​ရှိ​မြို့​ရွာ​များ​လည်း​ပါ​ဝင်​လေ​သည်။

63. ယု​ဒ​အ​နွယ်​ဝင်​တို့​သည်​ယေ​ရု​ရှ​လင်​မြို့ တွင်​နေ​ထိုင်​သော​ယေ​ဗု​သိ​အ​မျိုး​သား​တို့ ကို​နှင်​မ​ထုတ်​နိုင်​သ​ဖြင့် သူ​တို့​သည်​ယ​နေ့ တိုင်​ယုဒ​အ​နွယ်​ဝင်​တို့​နှင့်​အ​တူ​ထို​မြို့ တွင်​နေ​ထိုင်​ကြ​လေ​သည်။

ယော​ရှု 15