5. အရှေ့ဘက်နယ်နိမိတ်သည်ပင်လယ်သေ တောင်ဘက်စွန်းမှ ယော်ဒန်မြစ်စီးဝင်သည့် မြစ်ဝအထိဖြစ်သည်။မြောက်ဘက်နယ်နိမိတ်သည်ထိုမြစ်ဝမှ အစပြု၍၊-
6. ဗေသောဂလမြို့သို့လည်းကောင်း၊ ထိုမှ တစ်ဖန်ဗောဟန်၏ကျောက်(ဗောဟန်သည် ရုဗင်၏သားဖြစ်သည်) သို့ရောက်ပြီးလျှင်၊-
7. ဒုက္ခဟုခေါ်သောချိုင့်ဝှမ်းမှဒေဗိရမြို့သို့တက် သွား၏။ ထိုနောက်ချိုင့်ဝှမ်းတောင်ဘက်တွင်ရှိ သောအဒုမ္မိမ်တောင်ကြားနှင့်မျက်နှာချင်းဆိုင် ဂိလဂါလမြို့ရှိရာမြောက်ဘက်သို့ကွေ့ သွား၏။ ထိုနောက်အင်ရှေမက်စမ်းရေတွင်း မှအင်္ရောဂေလမြို့သို့ရောက်ပြီးလျှင်၊-
8. ယေဗုသိအမျိုးသားတို့၏မြို့ဖြစ်သော ယေရုရှလင်မြို့တည်ရာ တောင်ကုန်းတောင် ဘက်ရှိဟိန္နုန်ချိုင့်ဝှမ်းအနောက်ဘက်တောင် ကုန်းကိုကျော်ဖြတ်သွား၏။-
9. ထိုမှတစ်ဖန်နေဖတောစမ်းရေတွင်းနှင့် ဧဖရုန်တောင်အနီးရှိမြို့များကိုဖြတ် ၍ဗာလာ(သို့မဟုတ်ကိရယတ်ယာရိမ်မြို့) သို့ကွေ့သွား၏။-
42-44. ထို့အပြင်လိဗနမြို့၊ ဧသာမြို့၊ အာရှန်မြို့၊- ယိဖတမြို့၊ အာရှနာမြို့၊ နေဇိပ်မြို့၊- ကိလမြို့၊ အောခဇိပ်မြို့နှင့်မရေရှမြို့စသောမြို့ကြီး ကိုးမြို့နှင့်တကွပတ်ဝန်းကျင်ရှိကျေးရွာ များလည်းပါဝင်လေသည်။
45. ထို့အပြင်ဧကြုန်မြို့နှင့်ပတ်ဝန်းကျင်ရှိ ကျေးရွာများနှင့်၊
46. ဧကြုန်မြို့မှမြေထဲပင်လယ်စပ်ကြားရှိ အာဇုတ်မြို့နှင့်၎င်းအနီးရှိမြို့ရွာများ လည်းပါဝင်လေသည်။
47. ထို့အပြင်အီဂျစ်ပြည်နယ်စပ်ရှိချောင်းနှင့် မြေထဲပင်လယ်ကမ်းခြေအထိကျယ်ပြန့် သောဒေသရှိအာဇုတ်မြို့၊ ဂါဇမြို့နှင့်ပတ် ဝန်းကျင်မြို့ရွာများလည်းပါဝင်လေသည်။-
48. တောင်ကုန်းဒေသတွင်တည်ရှိသောရှမိရ မြို့၊ ယတ္တိရမြို့၊ စောခေါမြို့၊-
49. ဒန္နမြို့၊ ကိရယဿန္နမြို့(သို့မဟုတ်ဒေဗိရမြို့၊-)
50. အာနပ်မြို့၊ ဧရှတမောမြို့၊ အာနိမ်မြို့၊-
51. ဂေါရှင်မြို့၊ ဟောလုန်မြို့နှင့်ဂိလောမြို့စသော မြို့ကြီးတစ်ဆယ့်တစ်မြို့နှင့်တကွ ပတ်ဝန်း ကျင်ရှိမြို့ရွာများလည်းပါဝင်လေသည်။
52-53. ထို့အပြင်အာရပ်မြို့၊ ဒုမာမြို့၊ ဧရှန်မြို့၊- ယာနုံမြို့၊ ဗက်တာပွာမြို့၊ အာဖက်မြို့၊
54. ဟုန္တမြို့၊ ဟေဗြုန်မြို့နှင့်ဇိအောရမြို့စသော မြို့ကြီးကိုးမြို့နှင့်တကွပတ်ဝန်းကျင်ရှိ မြို့ရွာများလည်းပါဝင်လေသည်။
55-56. ထို့အပြင်မောင်မြို့၊ ကရမေလမြို့၊ ဇိဖမြို့၊ ယုတ္တမြို့၊- ယေဇရေလမြို့၊ ယောကဒံမြို့၊ ဇာ နောမြို့၊-
57. ကာဣနမြို့၊ ဂိဘာမြို့နှင့်တိမနမြို့စ သောမြို့ကြီးဆယ်မြို့နှင့်တကွ ပတ်ဝန်း ကျင်ရှိမြို့ရွာများလည်းပါဝင်လေသည်။
58. ထို့အပြင်ဟာလဟုလမြို့၊ ဗက်ဇုရမြို့၊ ဂေဒေါ်မြို့၊
59. မာရပ်မြို့၊ ဗေသနုတ်မြို့နှင့်ဧလတေကုန် မြို့စသောမြို့ကြီးခြောက်မြို့နှင့်တကွ ပတ်ဝန်းကျင်ရှိမြို့ရွာများလည်းပါဝင် လေသည်။
60. ထို့အပြင်ကိရယတ်ဗာလမြို့(သို့မဟုတ် ကိရယတ်ယာရိမ်မြို့) နှင့်ရဗ္ဗာမြို့ဟူ၍မြို့ ကြီးနှစ်မြို့နှင့်တကွပတ်ဝန်းကျင်ရှိမြို့ ရွာများလည်းပါဝင်လေသည်။-
61. တောကန္တာရဒေသတွင်ဗေသရာဗမြို့၊ မိဒ္ဒိန်မြို့၊ သေကာကမြို့၊-
62. နိဗရှန်မြို့၊ ဣရမေလက်မြို့နှင့်အင်္ဂေဒိမြို့ ဟူ၍မြို့ကြီးခြောက်မြို့နှင့်တကွပတ်ဝန်း ကျင်ရှိမြို့ရွာများလည်းပါဝင်လေသည်။
63. ယုဒအနွယ်ဝင်တို့သည်ယေရုရှလင်မြို့ တွင်နေထိုင်သောယေဗုသိအမျိုးသားတို့ ကိုနှင်မထုတ်နိုင်သဖြင့် သူတို့သည်ယနေ့ တိုင်ယုဒအနွယ်ဝင်တို့နှင့်အတူထိုမြို့ တွင်နေထိုင်ကြလေသည်။