ယော​ရှု 15:41-47 Common Language Bible (BCL)

41. ဂ​ဒေ​ရုတ်​မြို့၊ ဗက်​ဒါ​ဂုန်​မြို့၊ နေ​မ​မြို့​နှင့်​မက္ကဒါ မြို့​စ​သော​မြို့​ကြီး​များ​တစ်​ဆယ်​ခြောက်​မြို့​နှင့် တ​ကွ​ပတ်​ဝန်း​ကျင်​ရှိ​ကျေး​ရွာ​များ​လည်း ပါ​ဝင်​လေ​သည်။

42-44. ထို့​အ​ပြင်​လိ​ဗ​န​မြို့၊ ဧ​သာ​မြို့၊ အာ​ရှန်​မြို့၊- ယိ​ဖ​တ​မြို့၊ အာ​ရှ​နာ​မြို့၊ နေ​ဇိပ်​မြို့၊- ကိ​လ​မြို့၊ အော​ခ​ဇိပ်​မြို့​နှင့်​မ​ရေ​ရှ​မြို့​စ​သော​မြို့​ကြီး ကိုး​မြို့​နှင့်​တ​ကွ​ပတ်​ဝန်း​ကျင်​ရှိ​ကျေး​ရွာ များ​လည်း​ပါ​ဝင်​လေ​သည်။

45. ထို့​အ​ပြင်​ဧ​ကြုန်​မြို့​နှင့်​ပတ်​ဝန်း​ကျင်​ရှိ ကျေး​ရွာ​များ​နှင့်၊

46. ဧ​ကြုန်​မြို့​မှ​မြေ​ထဲ​ပင်​လယ်​စပ်​ကြား​ရှိ အာ​ဇုတ်​မြို့​နှင့်​၎င်း​အ​နီး​ရှိ​မြို့​ရွာ​များ လည်း​ပါ​ဝင်​လေ​သည်။

47. ထို့​အ​ပြင်​အီ​ဂျစ်​ပြည်​နယ်​စပ်​ရှိ​ချောင်း​နှင့် မြေ​ထဲ​ပင်​လယ်​ကမ်း​ခြေ​အ​ထိ​ကျယ်​ပြန့် သော​ဒေ​သ​ရှိ​အာ​ဇုတ်​မြို့၊ ဂါ​ဇ​မြို့​နှင့်​ပတ် ဝန်း​ကျင်​မြို့​ရွာ​များ​လည်း​ပါ​ဝင်​လေ​သည်။-

ယော​ရှု 15