2-4. တောင်ဘက်နယ်နိမိတ်သည်ပင်လယ်သေတောင် ဘက်စွန်းမှစ၍ တောင်ဘက်ရှိအကရဗ္ဗိမ် တောင်ကြားကိုဖြတ်ပြီးလျှင်ဇိနမြို့အထိ ရောက်သည်။ ထိုမှတစ်ဖန်ကာဒေရှဗာနာမြို့ ၏တောင်ဘက်သို့သွား၍ဟေဇရုန်မြို့ကိုဖြတ် လျက်အာဒါမြို့ဘက်သို့တက်ပြီးလျှင် ကာ ကာမြို့ဘက်သို့ကွေ့ပြီးနောက်အဇမုန်မြို့ သို့ရောက်လေသည်။ ထိုနောက်အီဂျစ်ပြည်နယ် စပ်ရှိချောင်းကိုလိုက်၍မြေထဲပင်လယ်တွင် အဆုံးသတ်သည်။ ဤကားယုဒနယ်မြေ၏ တောင်ဘက်နယ်နိမိတ်ဖြစ်သတည်း။
20. ယုဒအနွယ်ဝင်မိသားစုတို့ပိုင်ဆိုင်သော နယ်မြေသည်ကားဤသို့တည်း။-
21. ဧဒုံပြည်နယ်စပ်အနီးနယ်မြေ၏တောင် ဘက်စွန်းတွင် သူတို့ပိုင်သည့်မြို့များမှာကပ် ဇေလမြို့၊ ဧဒေရမြို့၊ ယာဂုရမြို့၊-
22-24. ကိနမြို့၊ ဒိမောနမြို့၊ အာဒဒါမြို့၊-ကေဒေရှ မြို့။ ဟာဇော်မြို့၊ ဣသနန်မြို့၊-ဇိဖမြို့၊ တေလင် မြို့၊ ဗာလုတ်မြို့၊-