5. အရှေ့ဘက်နယ်နိမိတ်သည်ပင်လယ်သေ တောင်ဘက်စွန်းမှ ယော်ဒန်မြစ်စီးဝင်သည့် မြစ်ဝအထိဖြစ်သည်။မြောက်ဘက်နယ်နိမိတ်သည်ထိုမြစ်ဝမှ အစပြု၍၊-
6. ဗေသောဂလမြို့သို့လည်းကောင်း၊ ထိုမှ တစ်ဖန်ဗောဟန်၏ကျောက်(ဗောဟန်သည် ရုဗင်၏သားဖြစ်သည်) သို့ရောက်ပြီးလျှင်၊-
7. ဒုက္ခဟုခေါ်သောချိုင့်ဝှမ်းမှဒေဗိရမြို့သို့တက် သွား၏။ ထိုနောက်ချိုင့်ဝှမ်းတောင်ဘက်တွင်ရှိ သောအဒုမ္မိမ်တောင်ကြားနှင့်မျက်နှာချင်းဆိုင် ဂိလဂါလမြို့ရှိရာမြောက်ဘက်သို့ကွေ့ သွား၏။ ထိုနောက်အင်ရှေမက်စမ်းရေတွင်း မှအင်္ရောဂေလမြို့သို့ရောက်ပြီးလျှင်၊-
8. ယေဗုသိအမျိုးသားတို့၏မြို့ဖြစ်သော ယေရုရှလင်မြို့တည်ရာ တောင်ကုန်းတောင် ဘက်ရှိဟိန္နုန်ချိုင့်ဝှမ်းအနောက်ဘက်တောင် ကုန်းကိုကျော်ဖြတ်သွား၏။-
9. ထိုမှတစ်ဖန်နေဖတောစမ်းရေတွင်းနှင့် ဧဖရုန်တောင်အနီးရှိမြို့များကိုဖြတ် ၍ဗာလာ(သို့မဟုတ်ကိရယတ်ယာရိမ်မြို့) သို့ကွေ့သွား၏။-
26-29. အာမန်မြို့၊ ရှေမမြို့၊ မောလဒမြို့၊- ဟာဇာဂဒ္ဒမြို့၊ ဟေရှမုန်မြို့၊ ဗက်ပါလက်မြို့၊- ဟာဇာရွှာလမြို့၊ ဗေရရှေဘမြို့၊ ဗိဇ္ဇောသယာ မြို့၊- ဗာလာမြို့၊ ဣအိမ်မြို့၊ အာဇင်မြို့၊-
30-31. ဧလတောလဒ်မြို့၊ ခေသိလမြို့၊ ဟောမာမြို့၊- ဇိကလတ်မြို့၊ မာဒမန္နာမြို့၊ သံသန္နာမြို့၊-
32. လေဗောက်မြို့၊ ရှိလဟိမ်မြို့၊ အအိန်မြို့နှင့် ရိမ္မုန်မြို့စသောမြို့ကြီးနှစ်ဆယ့်ကိုးမြို့နှင့် တကွပတ်ဝန်းကျင်ရှိကျေးရွာများဖြစ် သည်။
33. တောင်ခြေများရှိမြို့များမှာဧရှတောလ မြို့၊ ဇောရာမြို့၊ အာရှနာမြို့၊-
34-36. ဇာနောမြို့၊ အင်္ဂန္နိမ်မြို့၊ တာပွာမြို့၊ ဧနံမြို့၊- ယာမုတ်မြို့၊ အဒုလံမြို့၊ စောခေါမြို့၊ အဇေ ကာမြို့၊- ရှာရိမ်မြို့၊ အဒိသိမ်မြို့၊ ဂဒေရမြို့နှင့် ဂဒေရောသိမ်မြို့စသောမြို့ကြီးတစ်ဆယ် လေးမြို့နှင့်တကွ ပတ်ဝန်းကျင်ရှိကျေးရွာ များဖြစ်သည်။
37-40. ထို့အပြင်ဇေနန်မြို့၊ ဟဒါရှမြို့၊ မိဂဒလ ဂဒ်မြို့၊-ဒိလန်မြို့၊ မိဇပါမြို့၊ ယောကသေလ မြို့၊- လာခိရှမြို့၊ ဗောဇကတ်မြို့၊ ဧကလုန်မြို့၊- ကဗ္ဗုန်၊ လာမံမြို့၊ ကိသလိတ်မြို့၊-
41. ဂဒေရုတ်မြို့၊ ဗက်ဒါဂုန်မြို့၊ နေမမြို့နှင့်မက္ကဒါ မြို့စသောမြို့ကြီးများတစ်ဆယ်ခြောက်မြို့နှင့် တကွပတ်ဝန်းကျင်ရှိကျေးရွာများလည်း ပါဝင်လေသည်။
42-44. ထို့အပြင်လိဗနမြို့၊ ဧသာမြို့၊ အာရှန်မြို့၊- ယိဖတမြို့၊ အာရှနာမြို့၊ နေဇိပ်မြို့၊- ကိလမြို့၊ အောခဇိပ်မြို့နှင့်မရေရှမြို့စသောမြို့ကြီး ကိုးမြို့နှင့်တကွပတ်ဝန်းကျင်ရှိကျေးရွာ များလည်းပါဝင်လေသည်။
45. ထို့အပြင်ဧကြုန်မြို့နှင့်ပတ်ဝန်းကျင်ရှိ ကျေးရွာများနှင့်၊
46. ဧကြုန်မြို့မှမြေထဲပင်လယ်စပ်ကြားရှိ အာဇုတ်မြို့နှင့်၎င်းအနီးရှိမြို့ရွာများ လည်းပါဝင်လေသည်။
47. ထို့အပြင်အီဂျစ်ပြည်နယ်စပ်ရှိချောင်းနှင့် မြေထဲပင်လယ်ကမ်းခြေအထိကျယ်ပြန့် သောဒေသရှိအာဇုတ်မြို့၊ ဂါဇမြို့နှင့်ပတ် ဝန်းကျင်မြို့ရွာများလည်းပါဝင်လေသည်။-
48. တောင်ကုန်းဒေသတွင်တည်ရှိသောရှမိရ မြို့၊ ယတ္တိရမြို့၊ စောခေါမြို့၊-
49. ဒန္နမြို့၊ ကိရယဿန္နမြို့(သို့မဟုတ်ဒေဗိရမြို့၊-)
50. အာနပ်မြို့၊ ဧရှတမောမြို့၊ အာနိမ်မြို့၊-
51. ဂေါရှင်မြို့၊ ဟောလုန်မြို့နှင့်ဂိလောမြို့စသော မြို့ကြီးတစ်ဆယ့်တစ်မြို့နှင့်တကွ ပတ်ဝန်း ကျင်ရှိမြို့ရွာများလည်းပါဝင်လေသည်။