ယော​ရှု 15:17-33 Common Language Bible (BCL)

2-4. တောင်​ဘက်​နယ်​နိ​မိတ်​သည်​ပင်လယ်​သေ​တောင် ဘက်​စွန်း​မှ​စ​၍ တောင်​ဘက်​ရှိ​အ​က​ရဗ္ဗိမ် တောင်​ကြား​ကို​ဖြတ်​ပြီး​လျှင်​ဇိ​န​မြို့​အ​ထိ ရောက်​သည်။ ထို​မှ​တစ်​ဖန်​ကာ​ဒေ​ရှ​ဗာ​နာ​မြို့ ၏​တောင်​ဘက်​သို့​သွား​၍​ဟေ​ဇ​ရုန်​မြို့​ကို​ဖြတ် လျက်​အာ​ဒါ​မြို့​ဘက်​သို့​တက်​ပြီး​လျှင် ကာ ကာ​မြို့​ဘက်​သို့​ကွေ့​ပြီး​နောက်​အ​ဇ​မုန်​မြို့ သို့​ရောက်​လေ​သည်။ ထို​နောက်​အီ​ဂျစ်​ပြည်​နယ် စပ်​ရှိ​ချောင်း​ကို​လိုက်​၍​မြေ​ထဲ​ပင်​လယ်​တွင် အ​ဆုံး​သတ်​သည်။ ဤ​ကား​ယု​ဒ​နယ်​မြေ​၏ တောင်​ဘက်​နယ်​နိ​မိတ်​ဖြစ်​သ​တည်း။

17. ကာ​လက်​၏​ညီ​ကေ​နတ်​၏​သား​သြ​သံ ယေ​လ​သည်​ထို​မြို့​ကို​သိမ်း​ယူ​နိုင်​သ​ဖြင့် သူ​၏​သ​မီး​အာ​ခ​သ​နှင့်​ထိမ်း​မြား​လက် ထပ်​ပေး​လေ​သည်။-

18. ထိမ်း​မြား​မင်္ဂ​လာ​နေ့​၌​သြ​သံ​ယေ​လ​သည် အာ​ခ​သ​အား​သူ​၏​ဖ​ခင်​ထံ​မှ​လယ်​တစ် ကွက်​တောင်း​ရန်​တိုက်​တွန်း​လေ​သည်။ အာ​ခ​သ သည်​မြည်း​ပေါ်​မှ​ဆင်း​လိုက်​၏။ ထို​အ​ခါ ကာ​လက်​က​သူ​၏​သ​မီး​အား``မည်​သည့် အ​ရာ​ကို​အ​လို​ရှိ​သ​နည်း'' ဟု​မေး​လျှင်-

19. သူ​က``ကိုယ်​တော်​လက်​ဖွဲ့​သော​မြေ​သည်​ခြောက် သွေ့​သော​အ​ရပ်​ဖြစ်​ပါ​သည်။ စမ်း​ရေ​တွင်း​များ ကို​လည်း​ပေး​ပါ'' ဟု​တောင်း​၏။ ထို​ကြောင့် ကာ​လက်​သည်​သူ​၏​သ​မီး​အား​အ​ထက်​စမ်း ရေ​တွင်း​နှင့်​အောက်​စမ်း​ရေ​တွင်း​များ​ကို​ပေး လေ​၏။

20. ယု​ဒ​အ​နွယ်​ဝင်​မိ​သား​စု​တို့​ပိုင်​ဆိုင်​သော နယ်​မြေ​သည်​ကား​ဤ​သို့​တည်း။-

21. ဧ​ဒုံ​ပြည်​နယ်​စပ်​အ​နီး​နယ်​မြေ​၏​တောင် ဘက်​စွန်း​တွင် သူ​တို့​ပိုင်​သည့်​မြို့​များ​မှာ​ကပ် ဇေ​လ​မြို့၊ ဧ​ဒေ​ရ​မြို့၊ ယာ​ဂု​ရ​မြို့၊-

22-24. ကိ​န​မြို့၊ ဒိ​မော​န​မြို့၊ အာ​ဒ​ဒါ​မြို့၊-ကေ​ဒေ​ရှ မြို့။ ဟာ​ဇော်​မြို့၊ ဣ​သ​နန်​မြို့၊-ဇိ​ဖ​မြို့၊ တေ​လင် မြို့၊ ဗာ​လုတ်​မြို့၊-

25. ဟာ​ဇော်​ဟ​ဒတ္တာ​မြို့၊ ကဲ​ရိ​ယော​ဟေ​ဇ​ရုန်​မြို့ (သို့​မ​ဟုတ်​ဟာ​ဇော်​မြို့၊-)

26-29. အာ​မန်​မြို့၊ ရှေ​မ​မြို့၊ မော​လ​ဒ​မြို့၊- ဟာ​ဇာ​ဂဒ္ဒ​မြို့၊ ဟေ​ရှ​မုန်​မြို့၊ ဗက်​ပါ​လက်​မြို့၊- ဟာ​ဇာ​ရွှာ​လ​မြို့၊ ဗေ​ရ​ရှေ​ဘ​မြို့၊ ဗိဇ္ဇော​သ​ယာ မြို့၊- ဗာ​လာ​မြို့၊ ဣ​အိမ်​မြို့၊ အာ​ဇင်​မြို့၊-

30-31. ဧ​လ​တော​လဒ်​မြို့၊ ခေ​သိ​လ​မြို့၊ ဟော​မာ​မြို့၊- ဇိ​က​လတ်​မြို့၊ မာ​ဒ​မန္နာ​မြို့၊ သံ​သန္နာ​မြို့၊-

32. လေ​ဗောက်​မြို့၊ ရှိ​လ​ဟိမ်​မြို့၊ အ​အိန်​မြို့​နှင့် ရိမ္မုန်​မြို့​စ​သော​မြို့​ကြီး​နှစ်​ဆယ့်​ကိုး​မြို့​နှင့် တ​ကွ​ပတ်​ဝန်း​ကျင်​ရှိ​ကျေး​ရွာ​များ​ဖြစ် သည်။

33. တောင်​ခြေ​များ​ရှိ​မြို့​များ​မှာ​ဧ​ရှ​တော​လ မြို့၊ ဇော​ရာ​မြို့၊ အာ​ရှ​နာ​မြို့၊-

ယော​ရှု 15