2-4. တောင်ဘက်နယ်နိမိတ်သည်ပင်လယ်သေတောင် ဘက်စွန်းမှစ၍ တောင်ဘက်ရှိအကရဗ္ဗိမ် တောင်ကြားကိုဖြတ်ပြီးလျှင်ဇိနမြို့အထိ ရောက်သည်။ ထိုမှတစ်ဖန်ကာဒေရှဗာနာမြို့ ၏တောင်ဘက်သို့သွား၍ဟေဇရုန်မြို့ကိုဖြတ် လျက်အာဒါမြို့ဘက်သို့တက်ပြီးလျှင် ကာ ကာမြို့ဘက်သို့ကွေ့ပြီးနောက်အဇမုန်မြို့ သို့ရောက်လေသည်။ ထိုနောက်အီဂျစ်ပြည်နယ် စပ်ရှိချောင်းကိုလိုက်၍မြေထဲပင်လယ်တွင် အဆုံးသတ်သည်။ ဤကားယုဒနယ်မြေ၏ တောင်ဘက်နယ်နိမိတ်ဖြစ်သတည်း။
10. ထိုမြို့မှလှည့်ပြီးလျှင်အနောက်တောင်ကုန်း ဒေသသို့ရောက်၍ယာရိမ်တောင်(သို့မဟုတ် ခေသလုန်တောင်) မြောက်ဘက်မှအောက်ဘက် ရှိဗက်ရှေမက်မြို့သို့ရောက်ပြီးနောက် တိမနာမြို့ကိုဖြတ်၍သွားသည်။-
11-12. ထိုနောက်ဧကြုန်မြို့မြောက်ဘက်ရှိတောင်သို့ ရောက်ပြီးလျှင် ရှိကြုန်မြို့ဘက်သို့လှည့်၍ ဗာလာတောင်ကိုလွန်လျက်ယာဗနေလမြို့ သို့ရောက်သည်။ ထိုနောက်အနောက်ဘက်နယ် နိမိတ်ဖြစ်သောမြေထဲပင်လယ်တွင်အဆုံး သတ်သည်။ယုဒအနွယ်ဝင်မိသားစုတို့သည်ဖော်ပြ ပါနယ်နိမိတ်များအတွင်း၌နေထိုင်ကြ သည်။
13. ထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်း ယောရှုသည် ယုဒအနွယ်ဝင်ယေဖုန္နာ၏သား ကာလက်အားယုဒအနွယ်ပိုင်နယ်မြေမှ ဟေဗြုန်မြို့ကိုခွဲဝေပေးလေသည်။ ဟေဗြုန် မြို့သည်အာနက၏ဖခင်အာဘ၏မြို့ဖြစ် သည်။-
14. ကာလက်သည်အာနက၏အဆက်အနွယ် များဖြစ်သောရှေရှဲသားချင်းစု၊ အဟိမန် သားချင်းစုနှင့်တာလမဲသားချင်းစုတို့ ကိုထိုမြို့မှနှင်ထုတ်လိုက်၏။-
15. သူသည်ထိုမြို့မှတစ်ဆင့်ဒေဗိရမြို့သို့ ချီတက်တိုက်ခိုက်လေသည်။ (ယခင်ကဒေဗိရ မြို့သည်ကိရယဿေဖာမြို့ဟုခေါ်တွင်သည်။-)
16. ကာလက်က``ကိရယဿေဖာမြို့ကိုသိမ်း ယူနိုင်သူအားငါ၏သမီးအာခသနှင့် ထိမ်းမြားပေးမည်'' ဟုဆိုလျှင်၊-
17. ကာလက်၏ညီကေနတ်၏သားသြသံ ယေလသည်ထိုမြို့ကိုသိမ်းယူနိုင်သဖြင့် သူ၏သမီးအာခသနှင့်ထိမ်းမြားလက် ထပ်ပေးလေသည်။-
18. ထိမ်းမြားမင်္ဂလာနေ့၌သြသံယေလသည် အာခသအားသူ၏ဖခင်ထံမှလယ်တစ် ကွက်တောင်းရန်တိုက်တွန်းလေသည်။ အာခသ သည်မြည်းပေါ်မှဆင်းလိုက်၏။ ထိုအခါ ကာလက်ကသူ၏သမီးအား``မည်သည့် အရာကိုအလိုရှိသနည်း'' ဟုမေးလျှင်-
19. သူက``ကိုယ်တော်လက်ဖွဲ့သောမြေသည်ခြောက် သွေ့သောအရပ်ဖြစ်ပါသည်။ စမ်းရေတွင်းများ ကိုလည်းပေးပါ'' ဟုတောင်း၏။ ထိုကြောင့် ကာလက်သည်သူ၏သမီးအားအထက်စမ်း ရေတွင်းနှင့်အောက်စမ်းရေတွင်းများကိုပေး လေ၏။
20. ယုဒအနွယ်ဝင်မိသားစုတို့ပိုင်ဆိုင်သော နယ်မြေသည်ကားဤသို့တည်း။-
21. ဧဒုံပြည်နယ်စပ်အနီးနယ်မြေ၏တောင် ဘက်စွန်းတွင် သူတို့ပိုင်သည့်မြို့များမှာကပ် ဇေလမြို့၊ ဧဒေရမြို့၊ ယာဂုရမြို့၊-
22-24. ကိနမြို့၊ ဒိမောနမြို့၊ အာဒဒါမြို့၊-ကေဒေရှ မြို့။ ဟာဇော်မြို့၊ ဣသနန်မြို့၊-ဇိဖမြို့၊ တေလင် မြို့၊ ဗာလုတ်မြို့၊-