ယော​ရှု 15:1-18 Common Language Bible (BCL)

1. ယု​ဒ​အ​နွယ်​ဝင်​မိ​သား​စု​တို့​ရ​ရှိ​သော နယ်​မြေ​မှာ​အောက်​ပါ​အ​တိုင်း​ဖြစ်​သည်။ ယု​ဒ​အ​နွယ်​ဝင်​တို့​၏​နယ်​မြေ​သည်​တောင် ဘက်​သို့​လား​သော် ဧ​ဒုံ​ပြည်​နယ်​စပ်​ရှိ​ဇိ​န တော​ကန္တာ​ရ​၏​တောင်​ဘက်​စွန်း​သို့​ရောက် သည်။-

5. အ​ရှေ့​ဘက်​နယ်​နိ​မိတ်​သည်​ပင်​လယ်​သေ တောင်​ဘက်​စွန်း​မှ ယော်​ဒန်​မြစ်​စီး​ဝင်​သည့် မြစ်​ဝ​အ​ထိ​ဖြစ်​သည်။မြောက်​ဘက်​နယ်​နိ​မိတ်​သည်​ထို​မြစ်​ဝ​မှ အ​စ​ပြု​၍၊-

6. ဗေ​သော​ဂ​လ​မြို့​သို့​လည်း​ကောင်း၊ ထို​မှ တစ်​ဖန်​ဗော​ဟန်​၏​ကျောက်(ဗော​ဟန်​သည် ရု​ဗင်​၏​သား​ဖြစ်​သည်) သို့​ရောက်​ပြီး​လျှင်၊-

7. ဒုက္ခ​ဟု​ခေါ်​သော​ချိုင့်​ဝှမ်း​မှ​ဒေဗိရ​မြို့​သို့​တက် သွား​၏။ ထို​နောက်​ချိုင့်​ဝှမ်း​တောင်​ဘက်​တွင်​ရှိ သော​အ​ဒုမ္မိမ်​တောင်​ကြား​နှင့်​မျက်​နှာ​ချင်း​ဆိုင် ဂိ​လ​ဂါ​လ​မြို့​ရှိ​ရာ​မြောက်​ဘက်​သို့​ကွေ့ သွား​၏။ ထို​နောက်​အင်​ရှေ​မက်​စမ်း​ရေ​တွင်း မှ​အင်္ရော​ဂေလ​မြို့​သို့​ရောက်​ပြီး​လျှင်၊-

8. ယေ​ဗု​သိ​အ​မျိုး​သား​တို့​၏​မြို့​ဖြစ်​သော ယေ​ရု​ရှ​လင်​မြို့​တည်​ရာ တောင်​ကုန်း​တောင် ဘက်​ရှိ​ဟိန္နုန်​ချိုင့်​ဝှမ်း​အ​နောက်​ဘက်​တောင် ကုန်း​ကို​ကျော်​ဖြတ်​သွား​၏။-

9. ထို​မှ​တစ်​ဖန်​နေ​ဖ​တော​စမ်း​ရေ​တွင်း​နှင့် ဧ​ဖ​ရုန်​တောင်​အ​နီး​ရှိ​မြို့​များ​ကို​ဖြတ် ၍​ဗာ​လာ(သို့​မ​ဟုတ်​ကိ​ရ​ယတ်​ယာ​ရိမ်​မြို့) သို့​ကွေ့​သွား​၏။-

10. ထို​မြို့​မှ​လှည့်​ပြီး​လျှင်​အ​နောက်​တောင်​ကုန်း ဒေ​သ​သို့​ရောက်​၍​ယာ​ရိမ်​တောင်(သို့​မ​ဟုတ် ခေ​သ​လုန်​တောင်) မြောက်​ဘက်​မှ​အောက်​ဘက် ရှိ​ဗက်​ရှေ​မက်​မြို့​သို့​ရောက်​ပြီး​နောက် တိ​မ​နာ​မြို့​ကို​ဖြတ်​၍​သွား​သည်။-

11-12. ထို​နောက်​ဧ​ကြုန်​မြို့​မြောက်​ဘက်​ရှိ​တောင်​သို့ ရောက်​ပြီး​လျှင် ရှိ​ကြုန်​မြို့​ဘက်​သို့​လှည့်​၍ ဗာ​လာ​တောင်​ကို​လွန်​လျက်​ယာ​ဗ​နေ​လ​မြို့ သို့​ရောက်​သည်။ ထို​နောက်​အ​နောက်​ဘက်​နယ် နိ​မိတ်​ဖြစ်​သော​မြေ​ထဲ​ပင်​လယ်​တွင်​အ​ဆုံး သတ်​သည်။ယု​ဒ​အ​နွယ်​ဝင်​မိ​သား​စု​တို့​သည်​ဖော်​ပြ ပါ​နယ်​နိ​မိတ်​များ​အ​တွင်း​၌​နေ​ထိုင်​ကြ သည်။

13. ထာ​ဝ​ရ​ဘု​ရား​မိန့်​မှာ​တော်​မူ​သည့်​အ​တိုင်း ယော​ရှု​သည် ယု​ဒ​အ​နွယ်​ဝင်​ယေ​ဖုန္နာ​၏​သား ကာ​လက်​အား​ယု​ဒ​အ​နွယ်​ပိုင်​နယ်​မြေ​မှ ဟေ​ဗြုန်​မြို့​ကို​ခွဲ​ဝေ​ပေး​လေ​သည်။ ဟေ​ဗြုန် မြို့​သည်​အာ​န​က​၏​ဖ​ခင်​အာဘ​၏​မြို့​ဖြစ် သည်။-

14. ကာ​လက်​သည်​အာ​န​က​၏​အ​ဆက်​အ​နွယ် များ​ဖြစ်​သော​ရှေ​ရှဲ​သား​ချင်း​စု၊ အ​ဟိ​မန် သား​ချင်း​စု​နှင့်​တာ​လ​မဲ​သား​ချင်း​စု​တို့ ကို​ထို​မြို့​မှ​နှင်​ထုတ်​လိုက်​၏။-

15. သူ​သည်​ထို​မြို့​မှ​တစ်​ဆင့်​ဒေ​ဗိ​ရ​မြို့​သို့ ချီ​တက်​တိုက်​ခိုက်​လေ​သည်။ (ယ​ခင်​က​ဒေ​ဗိ​ရ မြို့​သည်​ကိ​ရ​ယ​ဿေ​ဖာ​မြို့​ဟု​ခေါ်​တွင်​သည်။-)

16. ကာ​လက်​က``ကိ​ရ​ယ​ဿေ​ဖာ​မြို့​ကို​သိမ်း ယူ​နိုင်​သူ​အား​ငါ​၏​သ​မီး​အာ​ခ​သ​နှင့် ထိမ်း​မြား​ပေး​မည်'' ဟု​ဆို​လျှင်၊-

17. ကာ​လက်​၏​ညီ​ကေ​နတ်​၏​သား​သြ​သံ ယေ​လ​သည်​ထို​မြို့​ကို​သိမ်း​ယူ​နိုင်​သ​ဖြင့် သူ​၏​သ​မီး​အာ​ခ​သ​နှင့်​ထိမ်း​မြား​လက် ထပ်​ပေး​လေ​သည်။-

18. ထိမ်း​မြား​မင်္ဂ​လာ​နေ့​၌​သြ​သံ​ယေ​လ​သည် အာ​ခ​သ​အား​သူ​၏​ဖ​ခင်​ထံ​မှ​လယ်​တစ် ကွက်​တောင်း​ရန်​တိုက်​တွန်း​လေ​သည်။ အာ​ခ​သ သည်​မြည်း​ပေါ်​မှ​ဆင်း​လိုက်​၏။ ထို​အ​ခါ ကာ​လက်​က​သူ​၏​သ​မီး​အား``မည်​သည့် အ​ရာ​ကို​အ​လို​ရှိ​သ​နည်း'' ဟု​မေး​လျှင်-

ယော​ရှု 15