1. ယုဒအနွယ်ဝင်မိသားစုတို့ရရှိသော နယ်မြေမှာအောက်ပါအတိုင်းဖြစ်သည်။ ယုဒအနွယ်ဝင်တို့၏နယ်မြေသည်တောင် ဘက်သို့လားသော် ဧဒုံပြည်နယ်စပ်ရှိဇိန တောကန္တာရ၏တောင်ဘက်စွန်းသို့ရောက် သည်။-
5. အရှေ့ဘက်နယ်နိမိတ်သည်ပင်လယ်သေ တောင်ဘက်စွန်းမှ ယော်ဒန်မြစ်စီးဝင်သည့် မြစ်ဝအထိဖြစ်သည်။မြောက်ဘက်နယ်နိမိတ်သည်ထိုမြစ်ဝမှ အစပြု၍၊-
6. ဗေသောဂလမြို့သို့လည်းကောင်း၊ ထိုမှ တစ်ဖန်ဗောဟန်၏ကျောက်(ဗောဟန်သည် ရုဗင်၏သားဖြစ်သည်) သို့ရောက်ပြီးလျှင်၊-
7. ဒုက္ခဟုခေါ်သောချိုင့်ဝှမ်းမှဒေဗိရမြို့သို့တက် သွား၏။ ထိုနောက်ချိုင့်ဝှမ်းတောင်ဘက်တွင်ရှိ သောအဒုမ္မိမ်တောင်ကြားနှင့်မျက်နှာချင်းဆိုင် ဂိလဂါလမြို့ရှိရာမြောက်ဘက်သို့ကွေ့ သွား၏။ ထိုနောက်အင်ရှေမက်စမ်းရေတွင်း မှအင်္ရောဂေလမြို့သို့ရောက်ပြီးလျှင်၊-
8. ယေဗုသိအမျိုးသားတို့၏မြို့ဖြစ်သော ယေရုရှလင်မြို့တည်ရာ တောင်ကုန်းတောင် ဘက်ရှိဟိန္နုန်ချိုင့်ဝှမ်းအနောက်ဘက်တောင် ကုန်းကိုကျော်ဖြတ်သွား၏။-
9. ထိုမှတစ်ဖန်နေဖတောစမ်းရေတွင်းနှင့် ဧဖရုန်တောင်အနီးရှိမြို့များကိုဖြတ် ၍ဗာလာ(သို့မဟုတ်ကိရယတ်ယာရိမ်မြို့) သို့ကွေ့သွား၏။-
10. ထိုမြို့မှလှည့်ပြီးလျှင်အနောက်တောင်ကုန်း ဒေသသို့ရောက်၍ယာရိမ်တောင်(သို့မဟုတ် ခေသလုန်တောင်) မြောက်ဘက်မှအောက်ဘက် ရှိဗက်ရှေမက်မြို့သို့ရောက်ပြီးနောက် တိမနာမြို့ကိုဖြတ်၍သွားသည်။-
11-12. ထိုနောက်ဧကြုန်မြို့မြောက်ဘက်ရှိတောင်သို့ ရောက်ပြီးလျှင် ရှိကြုန်မြို့ဘက်သို့လှည့်၍ ဗာလာတောင်ကိုလွန်လျက်ယာဗနေလမြို့ သို့ရောက်သည်။ ထိုနောက်အနောက်ဘက်နယ် နိမိတ်ဖြစ်သောမြေထဲပင်လယ်တွင်အဆုံး သတ်သည်။ယုဒအနွယ်ဝင်မိသားစုတို့သည်ဖော်ပြ ပါနယ်နိမိတ်များအတွင်း၌နေထိုင်ကြ သည်။
13. ထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်း ယောရှုသည် ယုဒအနွယ်ဝင်ယေဖုန္နာ၏သား ကာလက်အားယုဒအနွယ်ပိုင်နယ်မြေမှ ဟေဗြုန်မြို့ကိုခွဲဝေပေးလေသည်။ ဟေဗြုန် မြို့သည်အာနက၏ဖခင်အာဘ၏မြို့ဖြစ် သည်။-
14. ကာလက်သည်အာနက၏အဆက်အနွယ် များဖြစ်သောရှေရှဲသားချင်းစု၊ အဟိမန် သားချင်းစုနှင့်တာလမဲသားချင်းစုတို့ ကိုထိုမြို့မှနှင်ထုတ်လိုက်၏။-
15. သူသည်ထိုမြို့မှတစ်ဆင့်ဒေဗိရမြို့သို့ ချီတက်တိုက်ခိုက်လေသည်။ (ယခင်ကဒေဗိရ မြို့သည်ကိရယဿေဖာမြို့ဟုခေါ်တွင်သည်။-)
16. ကာလက်က``ကိရယဿေဖာမြို့ကိုသိမ်း ယူနိုင်သူအားငါ၏သမီးအာခသနှင့် ထိမ်းမြားပေးမည်'' ဟုဆိုလျှင်၊-
17. ကာလက်၏ညီကေနတ်၏သားသြသံ ယေလသည်ထိုမြို့ကိုသိမ်းယူနိုင်သဖြင့် သူ၏သမီးအာခသနှင့်ထိမ်းမြားလက် ထပ်ပေးလေသည်။-