ယော​ရှု 15:1-10 Common Language Bible (BCL)

1. ယု​ဒ​အ​နွယ်​ဝင်​မိ​သား​စု​တို့​ရ​ရှိ​သော နယ်​မြေ​မှာ​အောက်​ပါ​အ​တိုင်း​ဖြစ်​သည်။ ယု​ဒ​အ​နွယ်​ဝင်​တို့​၏​နယ်​မြေ​သည်​တောင် ဘက်​သို့​လား​သော် ဧ​ဒုံ​ပြည်​နယ်​စပ်​ရှိ​ဇိ​န တော​ကန္တာ​ရ​၏​တောင်​ဘက်​စွန်း​သို့​ရောက် သည်။-

5. အ​ရှေ့​ဘက်​နယ်​နိ​မိတ်​သည်​ပင်​လယ်​သေ တောင်​ဘက်​စွန်း​မှ ယော်​ဒန်​မြစ်​စီး​ဝင်​သည့် မြစ်​ဝ​အ​ထိ​ဖြစ်​သည်။မြောက်​ဘက်​နယ်​နိ​မိတ်​သည်​ထို​မြစ်​ဝ​မှ အ​စ​ပြု​၍၊-

6. ဗေ​သော​ဂ​လ​မြို့​သို့​လည်း​ကောင်း၊ ထို​မှ တစ်​ဖန်​ဗော​ဟန်​၏​ကျောက်(ဗော​ဟန်​သည် ရု​ဗင်​၏​သား​ဖြစ်​သည်) သို့​ရောက်​ပြီး​လျှင်၊-

7. ဒုက္ခ​ဟု​ခေါ်​သော​ချိုင့်​ဝှမ်း​မှ​ဒေဗိရ​မြို့​သို့​တက် သွား​၏။ ထို​နောက်​ချိုင့်​ဝှမ်း​တောင်​ဘက်​တွင်​ရှိ သော​အ​ဒုမ္မိမ်​တောင်​ကြား​နှင့်​မျက်​နှာ​ချင်း​ဆိုင် ဂိ​လ​ဂါ​လ​မြို့​ရှိ​ရာ​မြောက်​ဘက်​သို့​ကွေ့ သွား​၏။ ထို​နောက်​အင်​ရှေ​မက်​စမ်း​ရေ​တွင်း မှ​အင်္ရော​ဂေလ​မြို့​သို့​ရောက်​ပြီး​လျှင်၊-

8. ယေ​ဗု​သိ​အ​မျိုး​သား​တို့​၏​မြို့​ဖြစ်​သော ယေ​ရု​ရှ​လင်​မြို့​တည်​ရာ တောင်​ကုန်း​တောင် ဘက်​ရှိ​ဟိန္နုန်​ချိုင့်​ဝှမ်း​အ​နောက်​ဘက်​တောင် ကုန်း​ကို​ကျော်​ဖြတ်​သွား​၏။-

9. ထို​မှ​တစ်​ဖန်​နေ​ဖ​တော​စမ်း​ရေ​တွင်း​နှင့် ဧ​ဖ​ရုန်​တောင်​အ​နီး​ရှိ​မြို့​များ​ကို​ဖြတ် ၍​ဗာ​လာ(သို့​မ​ဟုတ်​ကိ​ရ​ယတ်​ယာ​ရိမ်​မြို့) သို့​ကွေ့​သွား​၏။-

10. ထို​မြို့​မှ​လှည့်​ပြီး​လျှင်​အ​နောက်​တောင်​ကုန်း ဒေ​သ​သို့​ရောက်​၍​ယာ​ရိမ်​တောင်(သို့​မ​ဟုတ် ခေ​သ​လုန်​တောင်) မြောက်​ဘက်​မှ​အောက်​ဘက် ရှိ​ဗက်​ရှေ​မက်​မြို့​သို့​ရောက်​ပြီး​နောက် တိ​မ​နာ​မြို့​ကို​ဖြတ်​၍​သွား​သည်။-

ယော​ရှု 15