ယော​ရှု 13:8-19 Common Language Bible (BCL)

8. ရု​ဗင်၊ ဂဒ်​နှင့်​အ​ခြား​မ​နာ​ရှေ​အ​နွယ်​ဝင် တစ်​ဝက်​တို့​သည် ယော်​ဒန်​မြစ်​အ​ရှေ့​ဘက်​ရှိ နယ်​မြေ​ကို​ထာ​ဝ​ရ​ဘု​ရား​၏​အ​စေ​ခံ မော​ရှေ​သတ်​မှတ်​ခွဲ​ဝေ​ပေး​သည့်​အ​တိုင်း ရ​ရှိ​ကြ​ပြီး​ဖြစ်​သည်။ ထို​ဒေ​သ​သည် ယော်​ဒန်​မြစ်​အ​ရှေ့​ဘက်​ကမ်း​ဖြစ်​၏။-

9. သူ​တို့​ရ​ရှိ​သော​နယ်​မြေ​သည်(အာ​နုန်​မြစ် ဝှမ်း​န​ဖူး​ပေါ်​ရှိ) အာ​ရော်​မြို့​နှင့်​မြစ်​ဝှမ်း အ​လယ်​ရှိ​မြို့​အ​ထိ​ကျယ်​ပြန့်​၍​မေ​ဒ​ဘ မြို့​နှင့်​ဒိ​ဘုန်​မြို့​အ​ကြား​ရှိ​ကုန်း​ပြင်​မြင့် တစ်​ခု​လုံး​ပါ​ဝင်​သည်။-

10. ထို​နယ်​မြေ​တွင်​ဟေ​ရှ​ဘုန်​မြို့​တွင်​စိုး​စံ သော​အာ​မော​ရိ​မင်း ရှိ​ဟုန်​လက်​အောက်​ခံ ဖြစ်​ခဲ့​သော​မြို့​အား​လုံး​ပါ​ဝင်​၍​အမ္မုန် ပြည်​နယ်​စပ်​အ​ထိ​ကျယ်​ပြန့်​သည်။-

11. ဂိ​လဒ်​နယ်၊ ဂေ​ရှု​ရိ​နယ်၊ မာ​ခါ​နယ်၊ ဟေ​ရ​မုန် တောင်​တစ်​ခု​လုံး​နှင့်​သာ​လ​က​ပြည်​အ​ထိ ကျယ်​ပြန့်​သော​ဗာ​ရှန်​ပြည်​တစ်​ပြည်​လုံး​တို့ သည်​လည်း​ကောင်း၊-

12. အာ​ရှ​တ​ရုတ်​မြို့​နှင့်​ဧ​ဒြိ​မြို့​တို့​တွင်​စိုး​စံ ၍​ရိ​ဖိမ်​အ​မျိုး​သား​တို့​၏ နောက်​ဆုံး​အ​ဆက် အ​နွယ်​ဖြစ်​သူ​သြ​ဃ​မင်း​၏​ပြည်​သည်​လည်း ကောင်း​ပါ​ဝင်​သည်။ မော​ရှေ​သည်​ဤ​မင်း​နှစ် ပါး​စ​လုံး​ကို​ကွပ်​မျက်​၍​သူ​တို့​၏​တိုင်း ပြည်​များ​ကို​သိမ်း​ယူ​ခဲ့​သည်။-

13. သို့​ရာ​တွင်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ သည်​ဂေ​ရှု​ရိ​အ​မျိုး​သား​နှင့်​မာ​ခါ​အ​မျိုး သား​တို့​ကို​နှင်​မ​ထုတ်​ကြ​သ​ဖြင့် သူ​တို့ သည်​ယ​နေ့​တိုင်​အောင်​ဣ​သ​ရေ​လ​နိုင်ငံ တွင်​နေ​ထိုင်​လျက်​ရှိ​ကြ​သည်။

14. မော​ရှေ​သည်​လေ​ဝိ​အ​နွယ်​အား​နယ်​မြေ​ခွဲ ဝေ​ပေး​ခြင်း​မ​ပြု​ခဲ့​ချေ။ ထာ​ဝ​ရ​ဘု​ရား က​မော​ရှေ​အား​မိန့်​မှာ​တော်​မူ​သည့်​အ​တိုင်း သူ​တို့​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အား ယဇ် ပလ္လင်​ပေါ်​တွင်​မီး​ရှို့​ပူ​ဇော်​သော​ပူ​ဇော် သ​ကာ​မှ​ဝေ​စု​ကို​ရ​ရှိ​ကြ​လေ သည်။

15. မော​ရှေ​သည်​ရု​ဗင်​အ​နွယ်​ဝင်​မိ​သား​စု​တို့ အား​နယ်​မြေ​ခွဲ​ဝေ​ပေး​ခဲ့​၏။-

16. သူ​တို့​၏​နယ်​မြေ​သည်(အာ​နုန်​မြစ်​ဝှမ်း​ပေါ်​ရှိ) အာ​ရော်​မြို့​နှင့်​မြစ်​ဝှမ်း​အ​ထက်​ရှိ​မြို့​များ အ​ထိ​ကျယ်​ပြန့်​၍ မေ​ဒ​ဘ​မြို့​ပတ်​လည်​ရှိ ကုန်း​ပြင်​မြင့်​တစ်​ခု​လုံး​ပါ​ဝင်​သည်။-

17. ဟေ​ရှ​ဘုန်​မြို့​နှင့်​ကုန်း​ပြင်​မြင့်​ပေါ်​ရှိ​မြို့ များ​ဖြစ်​သော​ဒိ​ဘုန်​မြို့၊ ဗာ​မုတ်​ဗာ​လ​မြို့၊ ဗက်​ဗာ​လ​မောင်​မြို့၊-

18. ယ​ဟာ​ဇ​မြို့၊ ကေ​ဒ​မုတ်​မြို့၊ မေ​ဖတ်​မြို့၊-

19. ကိ​ရ​ယ​သိမ်​မြို့၊ စိ​ဗ​မာ​မြို့၊ ချိုင့်​ဝှမ်း​တောင် ကုန်း​ပေါ်​ရှိ​ဇာ​ရက်​ရှာ​ဟာ​မြို့၊-

ယော​ရှု 13