ယော​ရှု 13:5-8 Common Language Bible (BCL)

5. ဂေ​ဗ​လ​အ​မျိုး​သား​တို့​၏​ပြည်၊ ဟေ​ရ​မုန် တောင်​၏​တောင်​ဘက်​ရှိ​ဗာ​လ​ဂဒ်​မြို့​မှ​ဟာ မတ်​တောင်​ကြား​အ​ထိ၊ အ​ရှေ့​ဘက်​တွင် တည်​ရှိ​သော​လေ​ဗ​နုန်​ပြည်​အား​လုံး​တို့ ကို​သိမ်း​ယူ​ရန်​ကျန်​ရှိ​နေ​သေး​သည်။-

6. သိမ်း​ယူ​ရန်​ကျန်​ရှိ​နေ​သေး​သော​နယ်​မြေ များ​တွင် လေ​ဗ​နုန်​တောင်​နှင့်​မိ​သ​ရ​ဖော​သ မိမ်​မြို့​စပ်​ကြား​တောင်​ကုန်း​ဒေ​သ​တွင် နေ ထိုင်​သော​ဇိ​ဒုန်​အ​မျိုး​သား​တို့​၏​နယ်​မြေ အား​လုံး​လည်း​ပါ​ဝင်​သည်။ ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သည်​ဤ​ပြည်​များ​ကို​သိမ်း ယူ​ရန်​ချီ​တက်​လာ​သည့်​အ​ခါ သူ​တို့​အား လုံး​ကို​ငါ​နှင်​ထုတ်​မည်။ ငါ​သည်​သင့်​အား မိန့်​မှာ​ထား​သည့်​အ​တိုင်း​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​အ​တွက်​နယ်​မြေ​အား​လုံး ကို​ခွဲ​ဝေ​ပေး​ရ​မည်။-

7. သို့​ဖြစ်​၍​ယ​ခု​သင်​သည်​ဣ​သ​ရေ​လ​အ​မျိုး သား​ကိုး​နွယ်​နှင့်​မ​နာ​ရှေ​အနွယ်​တစ်​ဝက်​တို့ အား​ဤ​နယ်​မြေ​များ​ကို​ပိုင်​ဆိုင်​ရန်​ခွဲ​ဝေ ပေး​လော့'' ဟု​မိန့်​တော်​မူ​၏။

8. ရု​ဗင်၊ ဂဒ်​နှင့်​အ​ခြား​မ​နာ​ရှေ​အ​နွယ်​ဝင် တစ်​ဝက်​တို့​သည် ယော်​ဒန်​မြစ်​အ​ရှေ့​ဘက်​ရှိ နယ်​မြေ​ကို​ထာ​ဝ​ရ​ဘု​ရား​၏​အ​စေ​ခံ မော​ရှေ​သတ်​မှတ်​ခွဲ​ဝေ​ပေး​သည့်​အ​တိုင်း ရ​ရှိ​ကြ​ပြီး​ဖြစ်​သည်။ ထို​ဒေ​သ​သည် ယော်​ဒန်​မြစ်​အ​ရှေ့​ဘက်​ကမ်း​ဖြစ်​၏။-

ယော​ရှု 13