ယော​ရှု 13:28-33 Common Language Bible (BCL)

28. အ​ထက်​ဖော်​ပြ​ပါ​မြို့​များ​ပါ​ဝင်​သော​နယ် မြေ​သည် ဂဒ်​အ​နွယ်​ဝင်​မိ​သား​စု​တို့​အ​တွက် ဝေ​စု​ဖြစ်​သည်။

29. မော​ရှေ​သည်​မ​နာ​ရှေ​အနွယ်​တစ်​ဝက်​မိ​သား​စု တို့​အား​လည်း​နယ်​မြေ​ခွဲ​ဝေ​ပေး​ခဲ့​၏။-

30. သူ​တို့​၏​နယ်​မြေ​သည်​မ​ဟာ​နိမ်​မြို့​အ​ထိ ကျယ်​ပြန့်​၍​ဗာ​ရှန်​ဘု​ရင်​သြ​ဃ​မင်း​ပိုင်​သော ပြည်​တစ်​ပြည်​လုံး​နှင့်​တ​ကွ​ဗာ​ရှန်​ပြည်​တွင်း ရှိ​ယာ​ဣ​ရ​၏​ရွာ​ပေါင်း​ခြောက်​ဆယ်​ပါ​ဝင် သည်။-

31. ဂိ​လဒ်​ပြည်​တစ်​ဝက်​နှင့်​သြ​ဃ​မင်း​အ​စိုး​ရ သော​ဗာ​ရှန်​ပြည်​၏​မြို့​တော်​များ​ဖြစ်​သည့် အာ​ရှ​တ​ရုတ်​မြို့​နှင့်​ဧ​ဒြိ​မြို့​များ​လည်း ပါ​ဝင်​သည်။ အ​ထက်​ဖော်​ပြ​ပါ​နယ်​မြေ​သည် မ​နာ​ရှေ​၏​သား​မာ​ခိ​ရ​၏​မိ​သား​စု​တစ် ဝက်​တို့​အ​တွက်​ဝေ​စု​ဖြစ်​သည်။

32. မော​ရှေ​သည်​မော​ဘ​လွင်ပြင်​တွင်​ရောက်​ရှိ​စဉ် အ​ခါ​က​ယေ​ရိ​ခေါ​မြို့​နှင့်​ယော်​ဒန်​မြစ် အ​ရှေ့​ဘက်​ရှိ​နယ်​မြေ​ကို​အ​ထက်​ပါ အ​တိုင်း​ခွဲ​ဝေ​ပေး​ခဲ့​လေ​သည်။-

33. မော​ရှေ​သည်​လေ​ဝိ​အ​နွယ်​အား​နယ်​မြေ​ခွဲ ဝေ​ပေး​ခြင်း​မ​ပြု​ခဲ့​ချေ။ ဣ​သ​ရေ​လ​အ​မျိုး သား​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား အား ပူ​ဇော်​သော​ပူ​ဇော်​သ​ကာ​မှ​ဝေ​စု​ကို သူ​တို့​ရ​မည်​ဟု​မော​ရှေ​မိန့်​ကြား​ခဲ့​၏။

ယော​ရှု 13