20. ဗက်ပေဂုရမြို့၊ ပိသကာတောင်စောင်းနှင့် ဗက်ယေရှိမုတ်မြို့များပါဝင်သည်။-
21. ကုန်းပြင်မြင့်ပေါ်ရှိမြို့အားလုံးနှင့်ဟေရှ ဘုန်မြို့တွင် စိုးစံသောအာမောရိမင်းရှိဟုန် ၏နိုင်ငံတစ်ခုလုံးပါဝင်သည်။ မောရှေ သည်ထိုမင်းနှင့်တကွမိဒျန်မင်းများဖြစ် ကြသောဧဝိမင်း၊ ရေကင်မင်း၊ ဇုရမင်း၊ ဟုရမင်းနှင့်ရေဘမင်းတို့ကိုနှိမ်နင်းခဲ့ လေသည်။ ထိုမင်းငါးပါးတို့သည်ရှိဟုန် မင်း၏သြဇာခံမင်းများဖြစ်ကြသည်။-
22. ဣသရေလအမျိုးသားတို့ကွပ်မျက်ခဲ့ သောသူများတွင် ဗောရ၏သားမှော်ဆရာ ဗာလမ်လည်းပါဝင်လေသည်။-
23. ရုဗင်အနွယ်ဝင်တို့ပိုင်သောနယ်မြေ၏ အနောက်ဘက်နယ်နိမိတ်သည်ယော်ဒန်မြစ် ဖြစ်၏။ အထက်ဖော်ပြပါမြို့များပါဝင် သောနယ်မြေသည်ရုဗင်အနွယ်ဝင်မိသားစု တို့အတွက်ဝေစုဖြစ်သည်။
24. မောရှေသည်ဂဒ်အနွယ်ဝင်မိသားစုတို့အား လည်းနယ်မြေခွဲဝေပေးခဲ့၏။-
25. သူတို့၏နယ်မြေသည်ယာဇာမြို့နှင့်ဂိလဒ် ပြည်ရှိမြို့အားလုံး၊ ရဗ္ဗာမြို့အရှေ့ဘက်တွင် ရှိသောအာရော်မြို့အထိကျယ်ပြန့်သော အမ္မုန်ပြည်တစ်ဝက်ပါဝင်သည်။-
26. သူတို့၏နယ်မြေသည်ဟေရှဘုန်မြို့မှ ရာမတ်မိဇပါမြို့နှင့်ဗေတောနိမ်မြို့တိုင် အောင်လည်းကောင်း၊ မဟာနိမ်မြို့မှလိုဒီဗာ နယ်စပ်တိုင်အောင်လည်းကောင်းကျယ်ပြန့်သည်။-
27. ယော်ဒန်မြစ်ဝှမ်းတွင်တည်ရှိသောဗေသာရံ မြို့၊ ဗက်နိမရမြို့၊ သုကုတ်မြို့၊ ဇာဖုန်မြို့များ နှင့်ဟေရှဘုန်မင်းရှိဟုန်ပိုင်နက်မှကျန်သော နယ်မြေများပါဝင်သည်။ သူတို့နယ်မြေ အနောက်နယ်နိမိတ်သည်ယော်ဒန်မြစ်တစ် လျှောက်မြောက်ဘက်ဂါလိလဲအိုင်အထိ ဖြစ်သည်။-
28. အထက်ဖော်ပြပါမြို့များပါဝင်သောနယ် မြေသည် ဂဒ်အနွယ်ဝင်မိသားစုတို့အတွက် ဝေစုဖြစ်သည်။
29. မောရှေသည်မနာရှေအနွယ်တစ်ဝက်မိသားစု တို့အားလည်းနယ်မြေခွဲဝေပေးခဲ့၏။-
30. သူတို့၏နယ်မြေသည်မဟာနိမ်မြို့အထိ ကျယ်ပြန့်၍ဗာရှန်ဘုရင်သြဃမင်းပိုင်သော ပြည်တစ်ပြည်လုံးနှင့်တကွဗာရှန်ပြည်တွင်း ရှိယာဣရ၏ရွာပေါင်းခြောက်ဆယ်ပါဝင် သည်။-