ယော​ရှု 13:13-24 Common Language Bible (BCL)

13. သို့​ရာ​တွင်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ သည်​ဂေ​ရှု​ရိ​အ​မျိုး​သား​နှင့်​မာ​ခါ​အ​မျိုး သား​တို့​ကို​နှင်​မ​ထုတ်​ကြ​သ​ဖြင့် သူ​တို့ သည်​ယ​နေ့​တိုင်​အောင်​ဣ​သ​ရေ​လ​နိုင်ငံ တွင်​နေ​ထိုင်​လျက်​ရှိ​ကြ​သည်။

14. မော​ရှေ​သည်​လေ​ဝိ​အ​နွယ်​အား​နယ်​မြေ​ခွဲ ဝေ​ပေး​ခြင်း​မ​ပြု​ခဲ့​ချေ။ ထာ​ဝ​ရ​ဘု​ရား က​မော​ရှေ​အား​မိန့်​မှာ​တော်​မူ​သည့်​အ​တိုင်း သူ​တို့​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အား ယဇ် ပလ္လင်​ပေါ်​တွင်​မီး​ရှို့​ပူ​ဇော်​သော​ပူ​ဇော် သ​ကာ​မှ​ဝေ​စု​ကို​ရ​ရှိ​ကြ​လေ သည်။

15. မော​ရှေ​သည်​ရု​ဗင်​အ​နွယ်​ဝင်​မိ​သား​စု​တို့ အား​နယ်​မြေ​ခွဲ​ဝေ​ပေး​ခဲ့​၏။-

16. သူ​တို့​၏​နယ်​မြေ​သည်(အာ​နုန်​မြစ်​ဝှမ်း​ပေါ်​ရှိ) အာ​ရော်​မြို့​နှင့်​မြစ်​ဝှမ်း​အ​ထက်​ရှိ​မြို့​များ အ​ထိ​ကျယ်​ပြန့်​၍ မေ​ဒ​ဘ​မြို့​ပတ်​လည်​ရှိ ကုန်း​ပြင်​မြင့်​တစ်​ခု​လုံး​ပါ​ဝင်​သည်။-

17. ဟေ​ရှ​ဘုန်​မြို့​နှင့်​ကုန်း​ပြင်​မြင့်​ပေါ်​ရှိ​မြို့ များ​ဖြစ်​သော​ဒိ​ဘုန်​မြို့၊ ဗာ​မုတ်​ဗာ​လ​မြို့၊ ဗက်​ဗာ​လ​မောင်​မြို့၊-

18. ယ​ဟာ​ဇ​မြို့၊ ကေ​ဒ​မုတ်​မြို့၊ မေ​ဖတ်​မြို့၊-

19. ကိ​ရ​ယ​သိမ်​မြို့၊ စိ​ဗ​မာ​မြို့၊ ချိုင့်​ဝှမ်း​တောင် ကုန်း​ပေါ်​ရှိ​ဇာ​ရက်​ရှာ​ဟာ​မြို့၊-

20. ဗက်​ပေ​ဂု​ရ​မြို့၊ ပိ​သ​ကာ​တောင်​စောင်း​နှင့် ဗက်​ယေ​ရှိ​မုတ်​မြို့​များ​ပါ​ဝင်​သည်။-

21. ကုန်း​ပြင်​မြင့်​ပေါ်​ရှိ​မြို့​အား​လုံး​နှင့်​ဟေ​ရှ ဘုန်​မြို့​တွင် စိုး​စံ​သော​အာ​မော​ရိ​မင်း​ရှိ​ဟုန် ၏​နိုင်​ငံ​တစ်​ခု​လုံး​ပါ​ဝင်​သည်။ မော​ရှေ သည်​ထို​မင်း​နှင့်​တ​ကွ​မိ​ဒျန်​မင်း​များ​ဖြစ် ကြ​သော​ဧ​ဝိ​မင်း၊ ရေ​ကင်​မင်း၊ ဇု​ရ​မင်း၊ ဟု​ရ​မင်း​နှင့်​ရေ​ဘ​မင်း​တို့​ကို​နှိမ်​နင်း​ခဲ့ လေ​သည်။ ထို​မင်း​ငါး​ပါး​တို့​သည်​ရှိ​ဟုန် မင်း​၏​သြ​ဇာ​ခံ​မင်း​များ​ဖြစ်​ကြ​သည်။-

22. ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကွပ်​မျက်​ခဲ့ သော​သူ​များ​တွင် ဗော​ရ​၏​သား​မှော်​ဆ​ရာ ဗာ​လမ်​လည်း​ပါ​ဝင်​လေ​သည်။-

23. ရု​ဗင်​အ​နွယ်​ဝင်​တို့​ပိုင်​သော​နယ်​မြေ​၏ အ​နောက်​ဘက်​နယ်​နိ​မိတ်​သည်​ယော်​ဒန်​မြစ် ဖြစ်​၏။ အ​ထက်​ဖော်​ပြ​ပါ​မြို့​များ​ပါ​ဝင် သော​နယ်​မြေ​သည်​ရု​ဗင်​အ​နွယ်​ဝင်​မိ​သား​စု တို့​အ​တွက်​ဝေ​စု​ဖြစ်​သည်။

24. မော​ရှေ​သည်​ဂဒ်​အ​နွယ်​ဝင်​မိ​သား​စု​တို့​အား လည်း​နယ်​မြေ​ခွဲ​ဝေ​ပေး​ခဲ့​၏။-

ယော​ရှု 13