1. ယောရှုသည်အသက်အရွယ်ကြီးရင့်လာ ပြီဖြစ်သည်။ ထာဝရဘုရားကယောရှု အား``သင်သည်အသက်အရွယ်ကြီးရင့် လာပြီ။ သိမ်းယူရမည့်နယ်မြေများစွာ ကျန်ရှိနေသေးသည်။-
2. ဖိလိတ္တိပြည်တစ်နယ်လုံး၊ ဂေရှုရိတစ်နယ်လုံး၊
3. နှင့်တောင်ပိုင်းရှိအာဝိအမျိုးသားတို့ပိုင်တစ် နယ်လုံးကိုသိမ်းယူရန်ကျန်ရှိနေသေးသည်။ (အီဂျစ်ပြည်နယ်နိမိတ်တွင်ရှိသောရှိဟောရ ချောင်းမှ မြောက်ဘက်ဧကြုန်နယ်နိမိတ်အထိ ကျယ်ပြန့်သောနယ်မြေသည် ခါနာန်အမျိုး သားတို့နေထိုင်ရာနယ်မြေဖြစ်၏။ ဖိလိတ္တိ မင်းတို့သည်ဂါဇမြို့၊ အာဇုတ်မြို့၊ ဧရှ ကလုန်မြို့၊ ဂဒ်မြို့နှင့်ဧကြုန်မြို့များတွင် စိုးစံသည်။-)
4. ဇိဒုန်အမျိုးသားတို့ပိုင်နယ်မြေဖြစ်သော မာရာမှ အာဖက်မြို့နှင့်အာမောရိအမျိုး သားတို့၏နယ်နိမိတ်အထိတည်ရှိသော ခါနာန်အမျိုးသားတို့ပိုင်တစ်နယ်လုံး၊-
5. ဂေဗလအမျိုးသားတို့၏ပြည်၊ ဟေရမုန် တောင်၏တောင်ဘက်ရှိဗာလဂဒ်မြို့မှဟာ မတ်တောင်ကြားအထိ၊ အရှေ့ဘက်တွင် တည်ရှိသောလေဗနုန်ပြည်အားလုံးတို့ ကိုသိမ်းယူရန်ကျန်ရှိနေသေးသည်။-
6. သိမ်းယူရန်ကျန်ရှိနေသေးသောနယ်မြေ များတွင် လေဗနုန်တောင်နှင့်မိသရဖောသ မိမ်မြို့စပ်ကြားတောင်ကုန်းဒေသတွင် နေ ထိုင်သောဇိဒုန်အမျိုးသားတို့၏နယ်မြေ အားလုံးလည်းပါဝင်သည်။ ဣသရေလ အမျိုးသားတို့သည်ဤပြည်များကိုသိမ်း ယူရန်ချီတက်လာသည့်အခါ သူတို့အား လုံးကိုငါနှင်ထုတ်မည်။ ငါသည်သင့်အား မိန့်မှာထားသည့်အတိုင်းဣသရေလ အမျိုးသားတို့အတွက်နယ်မြေအားလုံး ကိုခွဲဝေပေးရမည်။-
7. သို့ဖြစ်၍ယခုသင်သည်ဣသရေလအမျိုး သားကိုးနွယ်နှင့်မနာရှေအနွယ်တစ်ဝက်တို့ အားဤနယ်မြေများကိုပိုင်ဆိုင်ရန်ခွဲဝေ ပေးလော့'' ဟုမိန့်တော်မူ၏။
8. ရုဗင်၊ ဂဒ်နှင့်အခြားမနာရှေအနွယ်ဝင် တစ်ဝက်တို့သည် ယော်ဒန်မြစ်အရှေ့ဘက်ရှိ နယ်မြေကိုထာဝရဘုရား၏အစေခံ မောရှေသတ်မှတ်ခွဲဝေပေးသည့်အတိုင်း ရရှိကြပြီးဖြစ်သည်။ ထိုဒေသသည် ယော်ဒန်မြစ်အရှေ့ဘက်ကမ်းဖြစ်၏။-
9. သူတို့ရရှိသောနယ်မြေသည်(အာနုန်မြစ် ဝှမ်းနဖူးပေါ်ရှိ) အာရော်မြို့နှင့်မြစ်ဝှမ်း အလယ်ရှိမြို့အထိကျယ်ပြန့်၍မေဒဘ မြို့နှင့်ဒိဘုန်မြို့အကြားရှိကုန်းပြင်မြင့် တစ်ခုလုံးပါဝင်သည်။-
10. ထိုနယ်မြေတွင်ဟေရှဘုန်မြို့တွင်စိုးစံ သောအာမောရိမင်း ရှိဟုန်လက်အောက်ခံ ဖြစ်ခဲ့သောမြို့အားလုံးပါဝင်၍အမ္မုန် ပြည်နယ်စပ်အထိကျယ်ပြန့်သည်။-
11. ဂိလဒ်နယ်၊ ဂေရှုရိနယ်၊ မာခါနယ်၊ ဟေရမုန် တောင်တစ်ခုလုံးနှင့်သာလကပြည်အထိ ကျယ်ပြန့်သောဗာရှန်ပြည်တစ်ပြည်လုံးတို့ သည်လည်းကောင်း၊-
12. အာရှတရုတ်မြို့နှင့်ဧဒြိမြို့တို့တွင်စိုးစံ ၍ရိဖိမ်အမျိုးသားတို့၏ နောက်ဆုံးအဆက် အနွယ်ဖြစ်သူသြဃမင်း၏ပြည်သည်လည်း ကောင်းပါဝင်သည်။ မောရှေသည်ဤမင်းနှစ် ပါးစလုံးကိုကွပ်မျက်၍သူတို့၏တိုင်း ပြည်များကိုသိမ်းယူခဲ့သည်။-
13. သို့ရာတွင်ဣသရေလအမျိုးသားတို့ သည်ဂေရှုရိအမျိုးသားနှင့်မာခါအမျိုး သားတို့ကိုနှင်မထုတ်ကြသဖြင့် သူတို့ သည်ယနေ့တိုင်အောင်ဣသရေလနိုင်ငံ တွင်နေထိုင်လျက်ရှိကြသည်။
14. မောရှေသည်လေဝိအနွယ်အားနယ်မြေခွဲ ဝေပေးခြင်းမပြုခဲ့ချေ။ ထာဝရဘုရား ကမောရှေအားမိန့်မှာတော်မူသည့်အတိုင်း သူတို့သည်ဣသရေလအမျိုးသားတို့၏ ဘုရားသခင်ထာဝရဘုရားအား ယဇ် ပလ္လင်ပေါ်တွင်မီးရှို့ပူဇော်သောပူဇော် သကာမှဝေစုကိုရရှိကြလေ သည်။
15. မောရှေသည်ရုဗင်အနွယ်ဝင်မိသားစုတို့ အားနယ်မြေခွဲဝေပေးခဲ့၏။-
16. သူတို့၏နယ်မြေသည်(အာနုန်မြစ်ဝှမ်းပေါ်ရှိ) အာရော်မြို့နှင့်မြစ်ဝှမ်းအထက်ရှိမြို့များ အထိကျယ်ပြန့်၍ မေဒဘမြို့ပတ်လည်ရှိ ကုန်းပြင်မြင့်တစ်ခုလုံးပါဝင်သည်။-
17. ဟေရှဘုန်မြို့နှင့်ကုန်းပြင်မြင့်ပေါ်ရှိမြို့ များဖြစ်သောဒိဘုန်မြို့၊ ဗာမုတ်ဗာလမြို့၊ ဗက်ဗာလမောင်မြို့၊-
18. ယဟာဇမြို့၊ ကေဒမုတ်မြို့၊ မေဖတ်မြို့၊-