6. ဤမင်းများကိုမောရှေနှင့်ဣသရေလ အမျိုးသားတို့နှိမ်နင်းခဲ့လေသည်။ ထာဝရ ဘုရား၏အစေခံမောရှေသည်ထိုမင်းတို့ ၏နယ်မြေများကိုရုဗင်အနွယ်၊ ဂဒ်အနွယ် နှင့်မနာရှေအနွယ်တစ်ဝက်တို့အား အပိုင်ပေးခဲ့လေသည်။
7. ယောရှုနှင့်ဣသရေလအမျိုးသားတို့ သည်ယော်ဒန်မြစ်အနောက်ဘက် လေဗနုန် ချိုင့်ဝှမ်းရှိဗာလဂဒ်မြို့မှတောင်ဘက်ဧဒုံ ပြည်အနီးဟာလက်တောင်အထိ ကျယ်ပြန့် သောဒေသတွင်စိုးစံသောမင်းအားလုံး တို့ကိုတိုက်ခိုက်အောင်မြင်ခဲ့လေသည်။ ယောရှုသည်ဤဒေသကိုဣသရေလ အနွယ်အသီးသီးတို့အားအမြဲပိုင် ဆိုင်ရန်ခွဲဝေပေးလေသည်။-
8. ဤဒေသများတွင်တောင်ကုန်းဒေသ၊ အနောက် ဘက်တောင်ခြေဒေသ၊ ယော်ဒန်မြစ်ဝှမ်းနှင့်အနီး ရှိတောင်ခြေဒေသ၊ အနောက်ဘက်တောင်စောင်း ဒေသနှင့်တောင်ဘက်ခြောက်သွေ့သောသဲကန္တာရ ဒေသများပါဝင်သည်။ ထိုဒေသများတွင်နေ ထိုင်သောလူမျိုးများမှာဟိတ္တိအမျိုးသား၊ အာမောရိအမျိုးသား၊ ခါနာန်အမျိုးသား၊ ဖေရဇိအမျိုးသား၊ ဟိဝိအမျိုးသားနှင့် ယေဗုသိအမျိုးသားတို့ဖြစ်ကြသည်။-
9. ဣသရေလအမျိုးသားတို့သည်သုံးဆယ့် တစ်မြို့တို့၏မင်းများကိုနှိမ်နင်းခဲ့သည်။ ယင်းမြို့တို့မှာယေရိခေါမြို့၊ (ဗေသလ မြို့အနီးရှိ) အာဣမြို့၊-
22. ကေဒေရှမြို့၊(ကရမေလတောင်ပေါ်ရှိ) ယောကနမ်မြို့၊(ပင်လယ်ကမ်းခြေရှိ)-
23. ဒေါရမြို့၊ (ဂါလိလဲပြည်ရှိ) ဂေါအိမ်မြို့နှင့်၊-
24. တိရဇမြို့တို့ဖြစ်သတည်း။