1. ဣသရေလအမျိုးသားတို့သည်တောင် ဘက်အာနုန်မြစ်ဝှမ်းမှမြောက်ဘက်ဟေရမုန် တောင်အထိ၊ အရှေ့ဘက်နယ်မြေနှင့်ယော်ဒန် မြစ်ဝှမ်းတစ်လျှောက်လုံးကိုတိုက်ခိုက်သိမ်း ယူခဲ့ပြီးဖြစ်သည်။-
2. သူတို့သည်မင်းနှစ်ပါးကိုနှိမ်နင်းခဲ့သည်။ မင်းတစ်ပါးမှာဟေရှဘုန်မြို့တွင်စိုးစံ သောအာမောရိမင်းရှိဟုန်ဖြစ်သည်။ သူ၏ နိုင်ငံတွင်(အာနုန်မြစ်ဝှမ်းအနီးရှိ) အာရော် မြို့နှင့်ယင်းမြစ်ဝှမ်းအလယ်ရှိမြို့မှအမ္မုန် နယ်နိမိတ်ဖြစ်သော ယဗ္ဗုတ်မြစ်အထိကျယ် ပြန့်သည့်ဂိလဒ်ပြည်တစ်ဝက်ပါဝင်သည်။-
3. ထို့အပြင်မြောက်ဘက်ဂါလိလဲအိုင်မှ ပင်လယ်သေအရှေ့ဘက်ရှိ ဗက်ယေရှိမုတ် မြို့တိုင်အောင်တည်ရှိသောယော်ဒန်မြစ်ဝှမ်း၊ ထိုမှတစ်ဖန်ပိသဂါတောင်ခြေအထိ ကျယ်ပြန့်သောနယ်မြေလည်းပါဝင်သည်။
10-21. ယေရုရှလင်မြို့၊ ဟေဗြုန်မြို့၊- ယာမုတ်မြို့၊ လာခိရှမြို့၊- ဧဂလုန်မြို့၊ ဂေဇာမြို့၊- ဒေဗိ ရမြို့၊ ဂေဒါမြို့၊- ဟောမာမြို့၊ အာရဒ်မြို့၊- လိဗန မြို့၊ အဒုလံမြို့၊- မက္ကဒါမြို့၊ ဗေသလမြို့၊- တာပွာမြို့၊ ဟေဖာမြို့၊- အာဖက်မြို့၊ လာရှရုန်မြို့၊- မာဒုန်မြို့၊ ဟာဇော်မြို့၊- ရှိမရုန်မြို့၊ အာခရှပ်မြို့၊- တာနက်မြို့၊ မေဂိဒ္ဒေါမြို့၊-