4. သူတို့သည်ပင်လယ်ကမ်းခြေရှိသဲပွင့် များတမျှများပြားသော စစ်သူရဲတို့ နှင့်ချီတက်လာကြလေသည်။ သူတို့တွင် မြင်းနှင့်စစ်ရထားအမြောက်အမြား ပါရှိသည်။-
5. ထိုမင်းတို့သည်စုပေါင်း၍ဣသရေလ အမျိုးသားတို့ကို တိုက်ခိုက်ရန်မေရုံ ချောင်းတွင်စခန်းချကြလေသည်။
6. ထာဝရဘုရားကယောရှုအား``သူတို့ ကိုမကြောက်နှင့်။ နက်ဖြန်နေ့ဤအချိန် သို့ရောက်လျှင်ငါသည်သူတို့အားလုံးကို ဣသရေလအမျိုးသားတို့လက်သို့ အသေအပ်မည်။ သင်သည်သူတို့၏မြင်း များခြေကြောကိုဖြတ်၍စစ်ရထား များကိုမီးရှို့ရမည်'' ဟုမိန့်တော်မူ၏။-
7. သို့ဖြစ်၍ယောရှုနှင့်သူ၏တပ်သားအပေါင်း တို့သည် မေရုံချောင်းတွင်စခန်းချလျက်ရှိ သောရန်သူများကိုရုတ်တရက်ဝင်ရောက် တိုက်ခိုက်ရာ၊-
8. ထာဝရဘုရားသည်ဣသရေလအမျိုး သားတို့အား ရန်သူများကိုအနိုင်ရစေ တော်မူ၏။ သူတို့သည်မြောက်ဘက်ဇိဒုန် မြို့နှင့်မိသရဖောသမိမ်မြို့များသို့ တိုင်အောင်လည်းကောင်း၊ အရှေ့ဘက်မိဇပါ ချိုင့်ဝှမ်းသို့တိုင်အောင်လည်းကောင်း ရန်သူ များကိုလိုက်လံတိုက်ခိုက်၍တစ်ယောက် မကျန်သတ်ဖြတ်သုတ်သင်ကြသည်။-