21. ထိုကာလ၌ယောရှုသည်ဟေဗြုန်မြို့၊ ဒေဗိရ မြို့၊ အာနပ်မြို့၊ ယုဒတောင်ကုန်းဒေသ၊ ဣသ ရေလတောင်ကုန်းဒေသစသောတောင်ကုန်း ဒေသများတွင်နေထိုင်သည့် ထွားကြိုင်းသော အာနကအမျိုးသားတို့ရှိရာသို့ချီတက် လေသည်။ ယောရှုသည်အာနကအမျိုးသား များကို တစ်ယောက်မကျန်သုတ်သင်၍သူ တို့မြို့များကိုမြေလှန်ဖျက်ဆီးခဲ့လေ သည်။-
22. ထို့ကြောင့်ဣသရေလနိုင်ငံတွင်အာနက အမျိုးသားဟူ၍ တစ်ယောက်မျှအသက်ရှင် ၍မကျန်ရစ်ချေ။ သို့ရာတွင်ဂါဇမြို့၊ ဂါသ မြို့နှင့်အာဇုတ်မြို့များ၌သာလျှင်အာနက အမျိုးသားအချို့ကျန်ရှိကြသေးသည်။-
23. ထာဝရဘုရားသည်မောရှေမှတစ်ဆင့်မိန့် မှာတော်မူသည်အတိုင်း ယောရှုသည်ထိုပြည် တစ်ပြည်လုံးကိုတိုက်ခိုက်သိမ်းယူလေသည်။ သူသည်ဣသရေလအနွယ်အသီးသီး အားပိုင်ဆိုင်စေရန်ထိုပြည်ကိုခွဲဝေပေး လေသည်။ထိုနောက်တစ်ပြည်လုံးငြိမ်းချမ်းသာယာ လျက်ရှိလေသတည်း။