ယော​ရှု 11:1-5 Common Language Bible (BCL)

1. ဟာ​ဇော်​မင်း​ယာ​ဘိန်​သည်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​၏​စစ်​အောင်​ပွဲ​သ​တင်း​ကို ကြား​ရ​သော​အ​ခါ သူ​သည်​မိ​မိ​နှင့်​မ​ဟာ မိတ်​မင်း​များ​ဖြစ်​ကြ​သော​မာ​ဒုန်​မင်း ယော​ဗပ်၊ ရှိ​မြုန်​မင်း​နှင့်​အာ​ခ​ရှပ်​မင်း​တို့ ထံ​သို့​လည်း​ကောင်း၊-

2. မြောက်​ဘက်​တောင်​ကုန်း​ဒေ​သ၊ ဂါ​လိ​လဲ အိုင်​တောင်​ဘက်​ယော်​ဒန်​မြစ်​ဝှမ်း၊ တောင်​ခြေ ရပ်​နှင့်​အ​နောက်​ဘက်​ဒေါ​ရ​နယ်​ကမ်း​ခြေ ရှိ​မင်း​များ​ထံ​သို့​လည်း​ကောင်း​အ​ကြောင်း ကြား​လိုက်​လေ​သည်။-

3. ထို့​အ​ပြင်​သူ​သည်​ယော်​ဒန်​မြစ်​အ​ရှေ့ ဘက်​နှင့်​အ​နောက်​ဘက်​တွင်​နေ​ထိုင်​သော ဟိ​ဝိ​အ​မျိုး​သား​တို့​ထံ​သို့​လည်း အ​ကြောင်း​ကြား​လိုက်​လေ​သည်။-

4. သူ​တို့​သည်​ပင်​လယ်​ကမ်း​ခြေ​ရှိ​သဲ​ပွင့် များ​တ​မျှ​များ​ပြား​သော စစ်​သူ​ရဲ​တို့ နှင့်​ချီ​တက်​လာ​ကြ​လေ​သည်။ သူ​တို့​တွင် မြင်း​နှင့်​စစ်​ရ​ထား​အ​မြောက်​အ​မြား ပါ​ရှိ​သည်။-

5. ထို​မင်း​တို့​သည်​စု​ပေါင်း​၍​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​ကို တိုက်​ခိုက်​ရန်​မေ​ရုံ ချောင်း​တွင်​စ​ခန်း​ချ​ကြ​လေ​သည်။

17-18. ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သိမ်း​ယူ​သော နယ်​မြေ​သည်​တောင်​ဘက်​ဧ​ဒုံ​ပြည်​အ​နီး၊ ဟာ​လက်​တောင်​မှ​မြောက်​ဘက်​ဟေ​ရ​မုန် တောင်​၏​တောင်​ဘက်​လေ​ဗ​နုန်​ချိုင့်​ဝှမ်း​ရှိ ဗာ​လ​ဂဒ်​မြို့​တိုင်​အောင်​ကျယ်​ပြန့်​လေ​သည်။ ယော​ရှု​သည်​ထို​နယ်​မြေ​ကို​အုပ်​စိုး​သော မင်း​များ​နှင့်​ကြာ​မြင့်​စွာ​စစ်​တိုက်​ရ​သည်။ သို့​ရာ​တွင်​သူ​သည်​ထို​မင်း​အား​လုံး​တို့ ကို​လက်​ရ​ဖမ်း​ဆီး​ကွပ်​မျက်​ခဲ့​လေ​သည်။-

ယော​ရှု 11