ယော​ရှု 10:7-21 Common Language Bible (BCL)

7. ထို့​ကြောင့်​ယော​ရှု​သည်​လက်​ရွေး​စင်​စစ်​သူ​ရဲ များ​ပါ​ဝင်​သော ဣ​သ​ရေ​လ​တပ်​မ​တော်​တစ် တပ်​လုံး​နှင့်​ဂိ​လ​ဂါ​လ​မြို့​မှ​ချီ​တက်​လာ လေ​သည်။-

8. ထာ​ဝ​ရ​ဘု​ရား​သည်​ယော​ရှု​အား``သူ​တို့​ကို မ​ကြောက်​နှင့်။ ငါ​သည်​သူ​တို့​ကို​သင့်​လက်​သို့ အပ်​ပြီ။ မည်​သူ​မျှ​သင့်​ကို​မ​ခု​ခံ​နိုင်'' ဟူ​၍ မိန့်​တော်​မူ​၏။-

9. ယော​ရှု​သည်​ဂိ​လ​ဂါ​လ​မြို့​မှ​ဂိ​ဗောင်​မြို့ သို့​တစ်ည​လုံး​ချီ​တက်​လာ​၍ အာ​မော​ရိ​တပ် များ​ကို​ရုတ်​တ​ရက်​တိုက်​ခိုက်​လေ​သည်။-

10. ထာ​ဝ​ရ​ဘု​ရား​သည်​ရန်​သူ​တို့​အား​ဖ​ရို ဖ​ရဲ​ထွက်​ပြေး​စေ​တော်​မူ​၏။ ထို​အ​ခါ ဣ​သ​ရေ​လ​တပ်​သား​တို့​သည်​ဂိ​ဗောင်​မြို့ တွင်​ရန်​သူ​အ​မြောက်​အ​မြား​ကို​သတ်​ဖြတ် ၍ ဗေ​သော​ရုံ​တောင်​ကြား​ကို​လွန်​လျက်​တောင် ဘက်​အ​ဇေ​ကာ​မြို့​နှင့်​မက္က​ဒါ​မြို့​များ​သို့ တိုင်​အောင်​လိုက်​လံ​တိုက်​ခိုက်​ကြ​လေ​သည်။-

11. ဣ​သ​ရေ​လ​တပ်​သား​များ​တိုက်​ခိုက်​သ​ဖြင့် အာ​မော​ရိ​တပ်​သား​တို့​သည် တောင်​ကြား​လမ်း သို့​ဆင်း​ပြေး​ကြ​စဉ်​အ​ဇေ​ကာ​မြို့​အ​ထိ လမ်း​တစ်​လျှောက်​လုံး​တွင်​ကောင်း​ကင်​မှ​မိုး​သီး လုံး​ကြီး​များ​ကို​သူ​တို့​အ​ပေါ်​သို့​ထာ​ဝ​ရ ဘု​ရား​ရွာ​ကျ​စေ​တော်​မူ​၏။ မိုး​သီး​ဒဏ် ကြောင့်​သေ​သူ​တို့​သည် ဣ​သ​ရေ​လ​အ​မျိုး သား​တို့​၏​လက်​ချက်​ကြောင့်​သေ​သူ​တို့ ထက်​ပို​၍​များ​သ​တည်း။

12. အာ​မော​ရိ​တပ်​သား​များ​ကို​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​လက်​သို့ ထာ​ဝ​ရ​ဘု​ရား အပ်​တော်​မူ​သော​နေ့​၌​ယော​ရှု​က၊``အ​သင်​နေ​မင်း၊ဂိ​ဗောင်​မြို့​ပေါ်​တွင်​ရပ် တန့်​၍​နေ​လော့။အ​သင်​လ​မင်း၊အာ​ဂ​လုန်​မြို့​ချိုင့်​ဝှမ်း​တွင် ရပ်​တန့်​၍​နေ​လော့'' ဟုဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ရှေ့​၌​မြွက်​ဆို​၏။

13. ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​က​ရန်​သူ​များ ကို​အောင်​မြင်​စွာ​နှိမ်​နင်း​ပြီး​သည်​အ​ထိ နေ နှင့်​လ​တို့​သည်​မ​ရွေ့​လျား​ဘဲ​ရပ်​တန့်​၍​နေ ကြ​၏။ ထို​အ​ကြောင်း​ကို​ယာ​ရှာ​၏​စာ​စောင် တွင်​ဖော်​ပြ​ထား​လေ​သည်။ တစ်​နေ့​လုံး​နေ သည်​မ​ဝင်​ဘဲ​ကောင်း​ကင်​အ​လယ်​တွင်​ရပ် တန့်​၍​နေ​၏။-

14. ထာ​ဝ​ရ​ဘု​ရား​သည်​လူ​သား​တစ်​ယောက် ၏​စ​ကား​ကို​ထို​နေ့​၌​နား​ထောင်​ခဲ့​တော် မူ​၏။ ယင်း​သို့​တစ်​ခါ​မျှ​မ​ဖြစ်​စ​ဖူး၊ နောင် အ​ခါ​၌​လည်း​ဖြစ်​လိမ့်​မည်​မ​ဟုတ်။ ထာ​ဝ​ရ ဘု​ရား​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ ဘက်​မှ​စစ်​ကူ​၍​တိုက်​ခိုက်​တော်​မူ​ပါ​သည် တ​ကား။

15. ထို​နောက်​ယော​ရှု​နှင့်​ဣ​သ​ရေ​လ​တပ်​သား​တို့ သည် ဂိ​လ​ဂါ​လ​စ​ခန်း​သို့​ပြန်​လာ​ကြ​လေ သည်။

16. အာ​မော​ရိ​မင်း​ငါးပါး​တို့​သည်​ကား​လွတ် မြောက်​၍ မက္ကဒါ​လိုဏ်​ဂူ​ထဲ​တွင်​ပုန်း​အောင်း လျက်​ရှိ​ကြ​၏။-

17. တစ်​စုံ​တစ်​ယောက်​သော​သူ​သည်​ထို​မင်း​များ ပုန်း​အောင်း​နေ​သည်​ကို​တွေ့​သ​ဖြင့် ယော​ရှု ထံ​သို့​အ​ကြောင်း​ကြား​လေ​သည်။-

18. ယော​ရှု​က``လိုဏ်​ဂူ​ဝ​ကို​ကျောက်​တုံး​ကြီး များ​ဖြင့်​ပိတ်​ထား​လော့။ အစောင့်​လည်း​ချ ထား​လော့။-

19. သင်​တို့​မူ​ကား​ထို​အ​ရပ်​တွင်​စောင့်​၍​မ​နေ​နှင့်။ ရန်​သူ​များ​နောက်​သို့​လိုက်​လံ​၍​နောက်​ဆွယ်​မှ တိုက်​ခိုက်​လော့။ မြို့​များ​ထဲ​သို့​မ​ဝင်​စေ​နှင့်။ သင် တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် ရန်​သူ​ကို​သင်​တို့​လက်​သို့​အပ်​တော်​မူ​ပြီ'' ဟု​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​မှာ ကြား​လေ​သည်။-

20. ယော​ရှု​နှင့်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ရန်​သူ​မြောက်​မြား​စွာ​တို့​ကို​သတ်​ဖြတ်​ကြ​၏။ သို့​ရာ​တွင်​ရန်​သူ​အ​ချို့​တို့​သည်​လွတ်​မြောက် ၍​တံ​တိုင်း​ကာ​ရံ​ထား​သော​မြို့​များ​ထဲ​သို့ ဝင်​ရောက်​ခို​အောင်း​သ​ဖြင့်​အ​သက်​ချမ်း​သာ ရာ​ရ​ကြ​၏။-

21. ထို​နောက်​ဣ​သ​ရေ​လ​တပ်​သား​အား​လုံး​တို့ သည် ဘေး​ကင်း​စွာ​ယော​ရှု​ရှိ​ရာ​မက္ကဒါ​စ​ခန်း သို့​ပြန်​လာ​ကြ​လေ​သည်။ထို​ပြည်​တွင်​မည်​သူ​မျှ​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​အား အ​ပြစ်​တင်​သော​စ​ကား​ကို​ပင် မ​ပြော​ဝံ့​ချေ။

ယော​ရှု 10