5. ထိုကြောင့်အာမောရိဘုရင်ငါးပါးဖြစ် သောယေရုရှလင်ဘုရင်၊ ဟေဗြုန်ဘုရင်၊ ယာမုတ်ဘုရင်၊ လာခိရှဘုရင်၊ ဧဂလုန် ဘုရင်တို့သည်စုပေါင်း၍ မိမိတို့၏စစ် သည်အလုံးအရင်းနှင့်ချီတက်လာကြ ပြီးလျှင်ဂိဗောင်မြို့ကိုဝိုင်းရံတိုက်ခိုက် ကြလေသည်။
6. ထိုအခါဂိဗောင်မြို့သားတို့သည်ဂိလ ဂါလစခန်းတွင်ရှိသောယောရှုထံသို့ လူစေလွှတ်၍``ကိုယ်တော်၏ကျွန်တို့ကိုစွန့်ပစ် ထားတော်မမူပါနှင့်။ အလျင်အမြန်ကြွ ၍အကျွန်ုပ်တို့အားကယ်တင်တော်မူပါ။ တောင်ကုန်းဒေသမှအာမောရိမင်းအပေါင်း တို့သည်စုပေါင်း၍အကျွန်ုပ်တို့အားတိုက် ခိုက်ပါပြီ'' ဟုအကြောင်းကြားလျှောက် ထားလေသည်။
7. ထို့ကြောင့်ယောရှုသည်လက်ရွေးစင်စစ်သူရဲ များပါဝင်သော ဣသရေလတပ်မတော်တစ် တပ်လုံးနှင့်ဂိလဂါလမြို့မှချီတက်လာ လေသည်။-
8. ထာဝရဘုရားသည်ယောရှုအား``သူတို့ကို မကြောက်နှင့်။ ငါသည်သူတို့ကိုသင့်လက်သို့ အပ်ပြီ။ မည်သူမျှသင့်ကိုမခုခံနိုင်'' ဟူ၍ မိန့်တော်မူ၏။-
9. ယောရှုသည်ဂိလဂါလမြို့မှဂိဗောင်မြို့ သို့တစ်ညလုံးချီတက်လာ၍ အာမောရိတပ် များကိုရုတ်တရက်တိုက်ခိုက်လေသည်။-
10. ထာဝရဘုရားသည်ရန်သူတို့အားဖရို ဖရဲထွက်ပြေးစေတော်မူ၏။ ထိုအခါ ဣသရေလတပ်သားတို့သည်ဂိဗောင်မြို့ တွင်ရန်သူအမြောက်အမြားကိုသတ်ဖြတ် ၍ ဗေသောရုံတောင်ကြားကိုလွန်လျက်တောင် ဘက်အဇေကာမြို့နှင့်မက္ကဒါမြို့များသို့ တိုင်အောင်လိုက်လံတိုက်ခိုက်ကြလေသည်။-