40. ယောရှုသည်တိုင်းပြည်တစ်ခုလုံးကိုတိုက် ခိုက်အောင်မြင်လေသည်။ သူသည်တောင်ပေါ် ဒေသရှိမင်းများ၊ အရှေ့ဘက်တောင်စောင်း နှင့်အနောက်ဘက်တောင်ခြေရှိမင်းများနှင့် တောင်ဘက်ခြောက်သွေ့သောဒေသရှိမင်း အပေါင်းတို့ကိုတိုက်ခိုက်အောင်မြင်လေသည်။ ၎င်းတို့၏ပြည်သူပြည်သားအားလုံးတို့ကို တစ်ယောက်မကျန်သတ်ဖြတ်သုတ်သင်ခဲ့လေ သည်။ ဣသရေလအမျိုးသားတို့၏ဘုရားသခင်ထာဝရဘုရား၏အမိန့်တော်အရ ဤသို့ပြုခြင်းဖြစ်သည်။-
41. ယောရှုသည်တောင်ဘက်ကာဒေရှဗာနာမြို့ မှပင်လယ်ကမ်းခြေအနီးရှိဂါဇမြို့တိုင် အောင်လည်းကောင်း၊ ဂေါရှင်ပြည်မှမြောက်ဘက် ဂိဗောင်မြို့သို့တိုင်အောင်လည်းကောင်းစစ်ချီ တိုက်ခိုက်ခဲ့လေသည်။-
42. ဣသရေလအမျိုးသားတို့၏ဘုရားသခင် ထာဝရဘုရားသည် ဣသရေလအမျိုးသား တို့ဘက်မှကူညီတိုက်ခိုက်သောကြောင့် ယောရှု သည်ထိုမင်းအပေါင်းတို့နှင့်သူတို့၏တိုင်း ပြည်များကိုဆက်တိုက်နှိမ်နင်းအောင်မြင် ခဲ့သည်။-
43. ထိုနောက်ယောရှုနှင့်ဣသရေလတပ်သား အပေါင်းတို့သည် ဂိလဂါလစခန်းသို့ပြန် လာကြလေသည်။