35. သူတို့သည်ထိုနေ့၌ပင်မြို့ကိုတိုက်ခိုက်သိမ်း ပိုက်နိုင်သဖြင့် လာခိရှမြို့သားတို့အားပြု သကဲ့သို့ ဧဂလုန်မြို့သူမြို့သားတို့ကို လည်းတစ်ယောက်မကျန်သတ်ဖြတ်သုတ် သင်ကြလေသည်။
36. ထိုနောက်ယောရှုနှင့်ဣသရေလတပ်သား တို့သည် ဧဂလုန်မြို့မှတောင်ကုန်းဒေသတွင် တည်ရှိသော ဟေဗြုန်မြို့သို့ချီတက်၍မြို့ကို တိုက်ခိုက်၊-
37. သိမ်းပိုက်ကြလေသည်။ သူတို့သည်ဟေဗြုန် မင်းနှင့်မြို့သူမြို့သားအပေါင်းတို့ကိုလည်း ကောင်း၊ အနီးအနားမြို့များမှမြို့သူမြို့ သားအပေါင်းတို့ကိုလည်းကောင်း သတ်ဖြတ် သုတ်သင်ကြလေသည်။ ယောရှုသည်ဧဂလုန် မြို့ကိုလုံးလုံးလျားလျားဖျက်ဆီးခဲ့သည့် နည်းတူ ဟေဗြုန်မြို့ကိုလည်းဖျက်ဆီးလေ သည်။ မည်သူတစ်ယောက်မျှအသက်ရှင်၍ မကျန်ရစ်ချေ။
38. ထိုနောက်ယောရှုနှင့်ဣသရေလတပ်သား တို့သည် ဒေဗိရမြို့သို့ပြန်လာ၍ထိုမြို့ကို တိုက်ခိုက်ကြသည်။-
39. သူတို့သည်မင်းနှင့်တကွမြို့ကိုလည်းကောင်း၊ ပတ်ဝန်းကျင်ရှိမြို့ရှိသမျှကိုလည်းကောင်း သိမ်းပိုက်၍ ထိုမြို့များတွင်နေထိုင်သောမြို့ သူမြို့သားအားလုံးကိုသတ်ဖြတ်သုတ်သင် ကြသည်။ ယောရှုသည်ဟေဗြုန်မြို့၊ လိဗနာ မြို့နှင့်၎င်းတို့၏မင်းများကိုပြုသကဲ့သို့ ဒေဗိရမြို့နှင့်၎င်း၏မင်းကိုပြုလေသည်။