28. ထိုနေ့၌ပင်ယောရှုသည်မက္ကဒါမြို့ကိုတိုက်ခိုက် သိမ်းပိုက်၍ မက္ကဒါမင်းကိုလက်ရဖမ်းဆီးခဲ့ လေသည်။ မြို့သူမြို့သားအားလုံးကိုလည်း တစ်ယောက်မကျန်သတ်ဖြတ်သုတ်သင်ခဲ့လေ သည်။ ယေရိခေါမင်းကိုအဆုံးစီရင်သကဲ့ သို့မက္ကဒါမင်းကိုလည်းအဆုံးစီရင်သည်။-
29. ထိုနောက်ယောရှုနှင့်ဣသရေလတပ်သား တို့သည် မက္ကဒါမြို့မှလိဗနာမြို့သို့ချီတက် တိုက်ခိုက်ကြသည်။-
30. ထာဝရဘုရားသည်ထိုမြို့နှင့်ထိုမြို့၏ မင်းကိုလည်း ဣသရေလအမျိုးသားတို့ ၏လက်သို့အပ်တော်မူ၏။ သူတို့သည်မြို့ သူမြို့သားတို့ကိုတစ်ယောက်မကျန် သတ် ဖြတ်သုတ်သင်ခဲ့လေသည်။ ယေရိခေါမင်း ကိုအဆုံးစီရင်ခဲ့သကဲ့သို့လိဗနာ မင်းကိုလည်းအဆုံးစီရင်ကြသည်။
31. ထိုနောက်ယောရှုနှင့်သူ၏တပ်သားတို့သည် လိဗနာမြို့မှ လာခိရှမြို့သို့ချီတက်၍ မြို့ကိုဝိုင်းရံတိုက်ခိုက်ကြလေသည်။-
32. ထာဝရဘုရားသည်တိုက်ပွဲဒုတိယနေ့ ၌လာခိရှမြို့ကို ဣသရေလအမျိုးသား တို့၏လက်သို့အပ်တော်မူ၏။ သူတို့သည် လိဗနာမြို့သူမြို့သားတို့ကိုပြုသကဲ့ သို့ လာခိရှမြို့သူမြို့သားအပေါင်းတို့ ကိုလည်းတစ်ယောက်မကျန်သတ်ဖြတ် သုတ်သင်ကြသည်။-
33. ဂေဇာမင်းဟောရံသည်လာခိရှမင်းဘက် မှစစ်ကူ၍တိုက်ခိုက်သော်လည်း ယောရှုသည် သူနှင့်သူ၏တပ်ကိုတိုက်ခိုက်အောင်မြင်၍ တစ်ယောက်မကျန်သတ်ဖြတ်သုတ်သင်လေ သည်။
34. ထိုနောက်ယောရှုနှင့်ဣသရေလတပ်သား တို့သည် လာခိရှမြို့မှဧဂလုန်မြို့သို့ချီ တက်၍မြို့ကိုဝိုင်းရံတိုက်ခိုက်ကြလေသည်။-
35. သူတို့သည်ထိုနေ့၌ပင်မြို့ကိုတိုက်ခိုက်သိမ်း ပိုက်နိုင်သဖြင့် လာခိရှမြို့သားတို့အားပြု သကဲ့သို့ ဧဂလုန်မြို့သူမြို့သားတို့ကို လည်းတစ်ယောက်မကျန်သတ်ဖြတ်သုတ် သင်ကြလေသည်။
36. ထိုနောက်ယောရှုနှင့်ဣသရေလတပ်သား တို့သည် ဧဂလုန်မြို့မှတောင်ကုန်းဒေသတွင် တည်ရှိသော ဟေဗြုန်မြို့သို့ချီတက်၍မြို့ကို တိုက်ခိုက်၊-