21. ထိုနောက်ဣသရေလတပ်သားအားလုံးတို့ သည် ဘေးကင်းစွာယောရှုရှိရာမက္ကဒါစခန်း သို့ပြန်လာကြလေသည်။ထိုပြည်တွင်မည်သူမျှဣသရေလအမျိုး သားတို့အား အပြစ်တင်သောစကားကိုပင် မပြောဝံ့ချေ။
22. ထိုနောက်ယောရှုက``လိုဏ်ဂူဝကိုဖွင့်၍ မင်းငါးပါးကိုငါ့ထံသို့ထုတ်ဆောင်ခဲ့ ကြလော့'' ဟုအမိန့်ပေးလေ၏။-
23. သူတို့သည်ယေရုရှလင်ဘုရင်၊ ဟေဗြုန် ဘုရင်၊ ယာမုတ်ဘုရင်၊ လာခိရှဘုရင်၊ ဧဂလုန်ဘုရင်တို့ကိုလိုဏ်ဂူထဲမှထုတ်၍၊-
24. ယောရှုထံသို့ခေါ်ဆောင်ခဲ့ကြလေသည်။ ထို အခါယောရှုသည်ဣသရေလအမျိုးသား အပေါင်းတို့နှင့် မိမိနှင့်အတူစစ်ချီတိုက် ခိုက်ခဲ့သောဗိုလ်မှူးများကိုမိမိထံသို့ဆင့် ခေါ်၏။ ဗိုလ်မှူးတို့အား``ထိုမင်းတို့၏လည်ပင်း ကိုခြေဖြင့်နင်းကြ'' ဟုအမိန့်ပေးသည့် အတိုင်းသူတို့သည်ခြေဖြင့်နင်းကြ၏။-
25. ယောရှုကဗိုလ်မှူးတို့အား``ထာဝရဘုရား သည်သင်တို့၏ရန်သူဟူသမျှကို ဤသို့ပြု တော်မူမည်ဖြစ်သောကြောင့်မကြောက်ကြ နှင့်။ စိတ်မပျက်ကြနှင့်။ အားမာန်တင်း၍ရဲ ရင့်ခြင်းရှိကြလော့'' ဟူ၍ဆိုလေ၏။-
26. ထိုနောက်ယောရှုသည်မင်းငါးပါးတို့ကိုဋ္ဌား ဖြင့် ကွပ်မျက်၍အလောင်းများကိုသစ်ပင် ငါးပင်ပေါ်တွင် ညနေခင်းတိုင်အောင်ချိတ် ဆွဲထားလေသည်။-
27. နေဝင်ချိန်သို့ရောက်သော်ယောရှုကအလောင်း များကိုသစ်ပင်ပေါ်မှဖြုတ်ချ၍ သူတို့ပုန်း အောင်းနေခဲ့သောလိုဏ်ဂူထဲသို့ပစ်သွင်းရန် အမိန့်ပေးလေသည်။ ထိုနောက်လိုဏ်ဂူဝကို ကျောက်တုံးကြီးများဖြင့်ပိတ်ထားစေရာ ယနေ့တိုင်ကျောက်တုံးကြီးများကိုတွေ့ မြင်နိုင်သည်။
28. ထိုနေ့၌ပင်ယောရှုသည်မက္ကဒါမြို့ကိုတိုက်ခိုက် သိမ်းပိုက်၍ မက္ကဒါမင်းကိုလက်ရဖမ်းဆီးခဲ့ လေသည်။ မြို့သူမြို့သားအားလုံးကိုလည်း တစ်ယောက်မကျန်သတ်ဖြတ်သုတ်သင်ခဲ့လေ သည်။ ယေရိခေါမင်းကိုအဆုံးစီရင်သကဲ့ သို့မက္ကဒါမင်းကိုလည်းအဆုံးစီရင်သည်။-
29. ထိုနောက်ယောရှုနှင့်ဣသရေလတပ်သား တို့သည် မက္ကဒါမြို့မှလိဗနာမြို့သို့ချီတက် တိုက်ခိုက်ကြသည်။-
30. ထာဝရဘုရားသည်ထိုမြို့နှင့်ထိုမြို့၏ မင်းကိုလည်း ဣသရေလအမျိုးသားတို့ ၏လက်သို့အပ်တော်မူ၏။ သူတို့သည်မြို့ သူမြို့သားတို့ကိုတစ်ယောက်မကျန် သတ် ဖြတ်သုတ်သင်ခဲ့လေသည်။ ယေရိခေါမင်း ကိုအဆုံးစီရင်ခဲ့သကဲ့သို့လိဗနာ မင်းကိုလည်းအဆုံးစီရင်ကြသည်။
31. ထိုနောက်ယောရှုနှင့်သူ၏တပ်သားတို့သည် လိဗနာမြို့မှ လာခိရှမြို့သို့ချီတက်၍ မြို့ကိုဝိုင်းရံတိုက်ခိုက်ကြလေသည်။-